1936 - 1940

112 12 0
                                    

အပိုင်း (၁၉၃၆)

       “စီနီယာတို့...ကြွပါ"
    သံတမန်ဖုန်ချန် အဆင့်မြင့်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်လိုက်သည်။

     “ဟန့်"
    ပြန်လည်ဝင်စားခြင်းဂိုဏ်း၏ အဓိပတိအန်းကွမ်နှင့် ကောင်းကင်အမွေဆက်ခံခြင်းဂိုဏ်းတို့၏ အဓိပတိမင်မူတို့သည် သူတို့၏ အင်္ကျီလက်စများကိုခါယမ်း၍ အလင်း၏ နောက်က လိုက်လာခဲ့သည်။
    တခြားကိုးကောင်းကင်အဓိပတိများသည်လည်း ချင်နန်ကို ကြည့်ပြီးနောက် သူတို့နောက် လိုက်သွားသည်။

        “မင်းက ပြဿနာကို ဘယ်လိုဖန်တီးရမလဲဆိုတာ သေချာကောင်းကောင်းသိတာပဲ…မင်းရဲ့ အရှုပ်အထွေးကိုဖြေရှင်းဖို့အတွက် ငါတို့ တန်ဖိုးဘယ်လောက်ပေးရမလဲဆိုတာ မင်းသိရဲ့လား"
    သံတမန်ဖုန်ချန် ချင်နန်ကို ကြည့်၍ မကျေမနပ်ဖြင့် ပြောလိုက်သည်။

     “ကျေးဇူးတင်ပါတယ်စီနီယာ…ကျေးဇူးတင်ပါတယ်ခေါင်းဆောင်"
    ချင်နန် အပြုံးဖြင့် ဦးညွှတ်လိုက်သည်။

     “ရပြီ…ငါတို့လည်းသွားကြမယ်"
    သံတမန်ဖုန် စိတ်လေဟန်ဖြင့် မျက်လုံးပင့်ကြည့်လိုက်သည်။

    ချင်နန် ခေါင်းညိတ်ကာ တခြားသူများကို လက်သီးစု၍ လေးစားမှုပြပြီးနောက် အလင်း၏ လမ်းကြောင်းဆီသို့ ပျံသန်းသွားကာ ပျောက်ကွယ်သွားသည်။

    ပျောက်ကွယ်သွားပြီးနောက် ခဏအကြာတွင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။

     “အသန်မာဆုံးအင်မော်တယ်ဆိုတဲ့အတိုင်းပဲ"

   “  စီနီယာအစ်ကိုချင်နန်က တကယ်ကောလာဟလတွေထဲက အတိုင်းပဲ"

      “ငါတစ်ရက်မှာ ကိုးကောင်းကင်အဓိပတ်ိရှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ရင် သေပျော်ပါပြီ"

    ပြိုင်ဘက်ကင်းပါရမီရှင်များအပါအဝင် တပည့်များ အံ့ဩစွာဖြင့် ပြောလိုက်သည်။

    ဝမ်ရှောင် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ရှိနေသည်။ သူမလာခဲ့လျှင် ပိုတောင်ကောင်းလိမ့်ဦးမည်။
     ချင်နန်ကို မြင်တွေ့ပြီးနောက် သူပို၍ နောင်တရလာသည်။
    အကယ်၍ သူသာ ချင်နန်နောက် လိုက်ဖို့  ရွေးချယ်ခဲ့လျှင် ဆဌမစည်းလုံးညီညွတ်ရေး တားမြစ်‌နယ်မြေမှ ပုံမှန်မဟုတ်သော အဖြစ်အပျက်များနှင့် ပဓာနသွေးနယ်မြေက ထူးထူးခြားခြားပါရမီရှင်အကြား ယှဉ်ပြိုင်မှုများထဲတွင် ပါဝင်ခွင့်ရနိုင်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now