၁၂၈၁ - ၁၂၈၅

424 39 1
                                    


အပိုင်း (၁၂၈၁) အကြွေးပြန်တောင်းခြင်း

        ထိုစဉ်အတောအတွင်း ဘေးဆိုးတောအုပ်၏ ၀င်ပေါက်တွင်…

      “အခု လျော်ကြေးတောင်းဖို့ ကောင်းကင်ဆန့်ကျင်မဟာမိတ်ကို ပြန်ရမဲ့အချိန်ပဲ"
     ချင်နန် အေးစက်စက်ပြုံးလိုက်ပြီးနောက် ဝိုးတဝါးရေရွတ်လိုက်သည်။

     လွန်ခဲ့သော ရက်အနည်းငယ်က သူ ကောင်းကင်ဆန့်ကျင်မဟာမိတ်မှ ဘေးဆိုးတောအုပ်သို့လာရာလမ်းတွင် သေလွန်ဝိညာဉ်မျိုးနွယ်စုမှ သိုင်းဘုရင်၊ မိုးကြိုးငဠုန်သိုင်းဘုရင်သားရဲ၊ သိုင်းဘုရင်နန်ကျန် အခြားသူများ..... အစရှိသဖြင့် စုစုပေါင်းသိုင်းဘုရင်ဆယ်‌ယောက်ကျော်၏  တိုက်ခိုက်ခြင်းခံခဲ့ရသည်။
      ၎င်းကို တိုက်ဆိုင်မှုတစ်ခုဟု သူ မယုံကြည်ပေ။ ယင်းကို ပုံရိပ်ယောင်သိုင်းဘုရင်တို့ လူစု အကောက်ကြံခဲ့ခြင်းဖြစ်သည်။

     အကယ်၍ သူ နေလဓားနတ်ဘုရားနှင့်အတူ သွားခြင်းကြောင့်သာမဟုတ်ပါက သူ အသက်ပင်ရှင်နိုင်ဖို့ မရေရာပေ။
     သူ မည်ကဲ့သို့ လက်စားမချေဘဲ နေနိုင်ပါမည်နည်း…

     ချင်နန်သည် အထင်ကရဓားပျံအဆောင်ကို သုံးကာ ကောင်းကင်ဆန့်ကျင်မဟာမိတ်၏ တည်နေရာကို သိလိုက်သည်။ သူသည် သူ၏ အော်ရာကို ရုပ်သိမ်းကာ ကောင်းကင်ဆန့်ကျင်မဟာမိတ်သို့ ဦးတည်၍ လေထဲပျောက်ကွယ်သွားသည်။

     အချိန်တဖြည်းဖြည်းကုန်လွန်သွားသည်။

     နှစ်ရက်ကြာပြီးနောက် အထင်ကရဓားပျံထဲမှ ကောင်းကင်ဆန့်ကျင်မဟာမိတ်တွင်…

      “ပုံရိပ်ယောင်သိုင်းဘုရင် ခင်ဗျား လန့်‌နေသလိုပဲ...ဘာဖြစ်နေတာလဲ"
     သိုင်းဘုရင်အော်ရာနှစ်ခုနှင့်အတူ သိုင်းဘုရင်မင်ခုံနှင့် သိုင်းဘုရင်ရုံထျန်တို့ အစီအရီ ရောက်လာသည်။
     သူတို့၏ အော်ရာများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကထက် ပိုသန်မာလာသည်။
      သူတို့ ကုန်လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် တိုးတက်မှုတချို့ရခဲ့သည့် လက္ခဏာဖြစ်သည်။

      “ငါနောက်ဆုံးသတင်းထားရတယ်…လွန်ခဲ့တဲ့ နှစ်ရက်က ချင်နန်က သူ့ရဲ့ အထင်ကရဓားအဆောင်ကို အသက်သွင်းပြီး ကောင်းကင်ဆန့်ကျင်မဟာမိတ်ရဲ့ တည်နေရာကို စုံစမ်းခဲ့တယ်…သူအသက်ရှင်နေသေးတယ်"
      ပုံရိပ်ယောင်သိုင်းဘုရင် ပျက်ယွင်းသော မျက်နှာဖြင့် ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now