၁၄၂၆ - ၁၄၃၀

368 37 1
                                    


အပိုင်း (၁၄၂၆) နတ်ဘုရားဝိညာဉ်၏ နက်နဲမှု

      သူအဘိုးအိုချန်းမင်ကို ကြောက်အောင် ခြောက်နေခြင်းမဟုတ်ပေ။
      သူ ကိုးကောင်းကင်ကို ဝိညာဉ်ပုံစံဖြင့်လာခဲ့သည့်တိုင် သူ့စိတ်ထဲတွင် ကြေးနီမှန်၏ အသံကိုကြားချိန်၌ ၎င်းသည် အထူးပုံစံဖြင့် သူနှင့်အတူရှိနေသေးကြောင်းကို သူသိလိုက်သည်။
      ယခုအချိန်ထိတိုင်အောင် ကြေးနီမှန်သည် မည်မျှသန်မာကြောင်း သူ မသိသလို သုံးဘ၀အတိဒုက္ခနှင့် ပတ်သက်၍လည်း ဘာမျှမသိပေ။ သို့သော်လည်း အဘိုးအိုချန်းမင်သည် ကြေးနီမှန်၏ ပြိုင်ဘက်မဟုတ်ကြောင်းကိုတော့ သူအသေအချာ ယုံကြည်ချက်ရှိသည်။

      “ငါသေမှာလား"
    အဘိုးအိုချန်းမင် အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်သည်။
      “ဟား…ဟား…ဟား…ငါသေရမယ်လို့မင်းပြောနေတာလား…ငါက မြေနတ်ဘုရားတစ်၀က်အဆင့်ကွ…ငါနှစ်ပေါင်းရာကျော်သန့်စင်ထားတဲ့ ရှေးဟောင်းပလ္လင်နဲ့နဲ့ဆို မြေနတ်ဘုရားအဆင့်သုံးတစ်ယောက်‌တောင် ငါ့ကို အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူးကွ"
      ထိုစကားကိုပြောရင်း သူ၏ မျက်နှာထက်၌ မာနများ ပြည့်နှက်နေသည်။
      ထူးကဲမှုလေးခုလုံးကို ကျွမ်းကျင်ထားသောပါရမီရှင်တစ်ယောက်သည် မယုံနိုင်ဖွယ်ရာကံကောင်းမှုမျိုးနှင့် ကြုံခဲ့ရမည်ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာသတိထားမိသည်။
     ထို့ကြောင့် ထိုလူငယ်ထံတွင် ဝှက်ဖဲများစွာရှိလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ဝှက်ဖဲများ မည်မျှအန္တရာယ်ရှိသည်ဖြစ်စေ ၎င်းတို့သည် သူ့ကို အန္တရာယ်ပေးဖို့မဖြစ်နိုင်ပေ။
    အကြောင်းမှာ အဘိုးအိုချန်းမင် အဖွဲ့အစည်းသုံးခု သူ့ကိုလိုက်ရှာဖွေစဉ်၌ ဤလောကထဲ လွတ်လပ်စွာသွားလာနိုင်ခြင်းမှာ ထူးကဲမှုသုံးခုကို ကျွမ်းကျင်ထားခြင်းကြောင့်သာ မဟုတ်ပေ။
      သူ့ထံတွင် အခြားစွမ်းရည်များနှင့် ဝှက်ဖဲများလည်းရှိသည်။
     မဟုတ်ပါက လူသားနတ်ဘုရားများ သတိမထားမိသည့် ချင်နန် ထူးကဲမှုလေးခုကျွမ်းကျင်ကြောင်းကို သူမည်ကဲ့သို့ သိပါမည်နည်း…

     “စီနီယာ…ကျုပ်စီနီယာကိုလိမ်နေတာမဟုတ်ဘူး…တကယ်လို့ စီနီယာမယုံရင် ကျုပ်ကျိန်ပြလို့ရတယ်"
     ချင်နန် အလေးအနက်ပြောလိုက်သည်။
      အဘိုးအိုချန်းမင်သည် သူ အသက်ကိုကယ်ခဲ့သည်။ ဖြစ်နိုင်ပါက သူ ထိုလူ၏ရန်သူမဖြစ်ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now