1901 - 1905

125 10 0
                                    

အပိုင်း (၁၉၀၁)
     
     ချင်နန် စိုးရိမ်ပုံမရပေ။
    သူသည် သူ့ဆေဘာ၏ စွမ်းအင်များကို ဆက်လက်စုစည်း၍လေအဟုန်ခြေလှမ်း၊ နဂါးပျံသန်းခြင်းပညာရပ်နှင့် အစွမ်းထက်ပညာရပ်များကို အသုံးပြုလိုက်သည်။
   
      “အိုး…သူ့ရဲ့ နတ်ဘုရားအာရုံနဲ့ ဝိညာဉ်ကို ကာကွယ်ပေးထားတဲ့ တစ်ခုခုရှိတာပဲ…ဒါပေမဲ့ ချင်နန် မင်းရဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့မလွယ်..."
    ထန်ထျန်ကျွန်း မျက်လုံးပင့်ကာ ပြုံးလိုက်သည်။ သူ့ကြည့်ရသည်မှာ ချင်နန် နာကျင်ပြီး သွေးအန်သည့်မြင်ကွင်းကို ကြိုမြင်နေသလိုပင်ဖြစ်သည်။
     မကြာခင်၌ သူ၏ အပြုံးက အေးခဲလို့သွားသည်။

     ဘန်း…

     လောကကို ဖျက်ဆီးနိုင်သည့် ကြီးမားသော ကပ်ဘေးကြီးတစ်ခုလို ကြောက်မက်ဖွယ်ရာအော်ရာ‌တစ်ခုက သူ့ကို လွှမ်းခြုံသွားသည်။

    ထန်ထျန်ကျွန်း၏ နာကျင်စွာအော်ပြီး သူ၏ နှလုံးသားထဲ အလွန်ကြောက်ရွံ့သွားသည်။
     သူသည် သူ၏ တာအိုရှာဖွေခြင်းပညာရပ်ကို ရပ်တန့်လိုက်ပြီး  ခုခံကာကွယ်ဖို့အတွက် ရှေးဟောင်းတာအိုလက်နက်များကို ဆင့်ခေါ်လိုက်သည်။

      ကျယ်လောင်သောပေါက်ကွဲသံများနှင့်အတူ သူ လွင့်ထွက်သွားသည်။

     “ဘာ…ဒါကဘာလဲ"
    ထန်ထျန်ကျွန်း၏ အသံတုန်နေသည်။ သူသည် ရုပ်ပိုင်းဆိုင်ရာအရ ဒဏ်ရာမရသော်လည်း လွှမ်းမိုးနိုင်စွမ်းကြီးသော အော်ရာက သူ၏ ဝိညာဉ်ကို ပြင်းထန်စွာထိခိုက်မှုရှိစေခဲ့သည်။

      “ချင်နန်ရဲ့ နတ်ဘုရားအာရုံကို ပစ်မှတ်မထားနဲ့"
    ကူဖုန်နှင့် အခြားထူးထူးခြားခြားပါရမီရှင်များသည် ထန်ထျန်းကျွန်း၏ တုံ့ပြန်မှုကိုကြည့်ကာ အော်လိုက်သည်။

     ချင်နန် ခေါင်းယမ်းလိုက်သည်။
    နတ်ဘုရားသိုင်းဝိညာဉ်သည် သူ၏ ဒုတိယဝိညာဥ်ဖြစ်ပြီး သူ၏ နတ်ဘုရားအာရုံကို ပိုင်ရှင်မဲ့ကောင်းကင်ပုံစံက ကာကွယ်ပေးထားသည်။
      ထိုကဲ့သို့ အားနည်းသော တိုက်ခိုက်မှုက သူ့ကို မည်ကဲ့သို့ ထိခိုက်နာကျင်အောင် လုပ်နိုင်ပါမည်နည်း…

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now