1931 - 1935

109 10 0
                                    

အပိုင်း(၁၉၃၁)  

     “ဒါက ကန်းလန်တိုက်ရဲ့ တည်ရှိမှုမလား"
     ချင်နန်၏ စိတ်ထဲ ဖြစ်နိုင်ချေရှိသည့်အတွေးတစ်ခုဝင်လာသော်လည်း ၎င်းကို ငြင်းပယ်လိုက်သည်။ သူ ကန်းလန်တိုက်၏ တည်ရှ်ိမှုကို မှတ်မိသေးသည်။
       နှစ်ခုက ဆင်တူသော်လည်း သဘာ၀အရ ကွဲပြားမှုရှိနေဆဲဖြစ်သည်။
      ချင်နန် ၎င်းကို တွေးမနေတော့ပေ။ သူသည် စာအုပ်ကိုထုတ်ယူ၍ စာအုပ်ပေါ်က အတားအဆီးကိုဖယ်ရှားလိုက်သည်။ သူ ၎င်းကိုဖွင့်၍ ဖတ်လိုက်သည်။

    ပျက်ကိန်းလည်း သေချာကြည့်လိုက်သည်။

    “ရှေးဦးအရင်းအမြစ်ဆိုတာက လောကမွေးဖွားခြင်းရဲ့ မူလအစဖြစ်တယ်…အဲဒါရဲ့စွမ်းအားက တာအိုထက်အားမနည်းဘူး…တကယ်လို့ တစ်စုံတစ်ယောက်ကသာ…"
    စာအုပ်ထဲတွင် ပါသည့် အကြောင်းအရာများက ချင်နန်နှင့် ပျက်ကိန်း၏ အာရုံကို လုံးလုံးလျားလျား ဖမ်းစားသွားသည်။

    အမွှေးတိုင်တစ်ဝက်ကုန်စာခန့်ကြာပြီးနောက် လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ သို့ရာတွင် သူတို့၏ မျက်လုံးထဲ အံ့ဩတုန်လှုပ်မှုများ ရှိနေကြသည်။
     စာအုပ်ထဲတွင်ပါသော အကြောင်းအရာများအရ တိုက်ကြီးများနှင့် အောက်ဘုံက လောကများ သို့မဟုတ် အထက်ဘုံတွင် မူလအရင်းအမြစ်များရှိသည်။
       မူလအရင်းအမြစ်၏ စွမ်းအားသည် အရာအားလုံး၏ မူလအစဖြစ်သည်။ ၎င်းသည် ကြီးမြတ်သော‌တာအိုထက် အားမနည်းပေ။
    ထိုပြင် မူလအရင်းအမြစ်၏ စွမ်းအားကိုရယူဖို့ ထူးခြားသောနည်းလမ်းတစ်ခု အကြောင်းပါသော်လည်း ၎င်း၏ လိုအပ်ချက်က အောက်ဘုံကို သွားဖို့ဖြစ်သည်။
     ထို့ကြောင့် အင်မော်တယ်အင်ပါယာကူရှီသည် တခြားပြိုင်ဘက်ကင်းအုပ်စိုးသူသုံးယောက်နှင့် ပူးပေါင်း၍ နတ်ကိုးပါး၏ ဘုံဖြတ်ကူးခြင်းပလ္လင်ကို တည်ဆောက်နေရသည့်အကြောင်းအရင်းဖြစ်သည်။

       “အရမ်းအံ့ဩနေစရာမလိုဘူး…မူလအရင်းအမြစ်ရဲ့စွမ်းအားကိုရယူဖို့ တကယ်နည်းလမ်းတွေအများကြီးရှိတယ်"
       “မူလအရင်းအမြစ်က အစွမ်းထက်ကျင့်ကြံသူတွေအများကြီး အောက်ဘုံကိုသွားကြတဲ့ အကြောင်းအရင်းပဲ…"
     အေးစက်သော အသံပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now