၁၅၃၁ - ၁၅၃၅

348 37 0
                                    


အပိုင်း (၁၅၃၁)စစ်နတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းခြင်း

     ထို့နောက် လေထဲတွင် မရေမတွက်နိုင်သော သွေးအစီအရင်များထွက်ပေါ်လာပြီး ထိခိုက်ဒဏ်ရာထားသော ကောင်းကင်တောင်ပိုင်းဂိတ်ကို ၀န်းရံလိုက်သည်။

      ၎င်းမှာ မရေမတွက်နိုင်သောနတ်များနှင့် နတ်ဆိုးများပေါ်လာသလို ခံစားရသည်။ သူတို့သည် အခမ်းအနားတစ်ခု ကျင်းပနေသည့်အလား တစ်စုံတစ်ခုကို ရွတ်ဖတ်နေသည်။

     ချင်နန်နှင့် မတူညီစွာပင် ကောင်းကင်နတ်ဘုရားလုသည် ချင်နန်ရှိသည့်နေရာကို ၀င်သွားခြင်းမဟုတ်ပေ။ သူသည် ကောင်းကင်တောင်ပိုင်းဂိတ်၏ စိတ်ဝိညာဉ်ရှိသည့်နေရာကို သွားခြင်းဖြစ်သည်။

     သူသည် ကောင်းကင်တောင်ပိုင်းဂိတ်၏ စိတ်ဝိညာဉ်ကို ဝါးမျိုဖို့အတွက် နှစ်တစ်သောင်းကျော် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။

     ကောင်းကင်တောင်ပိုင်းဂိတ်၏ စိတ်ဝိညာဉ်သည် သူနှင့် ကိုးကောင်းကင်အင်မော်တယ်ဘုံအကြားမှ ဆက်ဆံရေးကို မသိသော်လည်း ကောင်းကင်နတ်ဘုရားလုသည် လျှို့ဝှက်ချက်အားလုံးကိုသိသည်။ 

     သူ ကောင်းကင်တောင်ပိုင်းဂိတ်ကို ထိန်းချုပ်နိုင်သ၍ ၎င်း၏ စွမ်းအားကို အသုံးချနိုင်လိမ့်မည်ဖြစ်သည်။

     အောင်မြင်သွားပါက သူသည် ဧကရီဖေးယွဲ့၏ အဆင့်ကိုရောက်ကာ ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်ဖြစ်နိုင်မည့် အခွင့်အရေးရှိသည်။

      အား....

    မကြာခင်မှာပင် ကောင်းကင်တောင်ပိုင်းဂိတ်၏ စိတ်ဝိညာဉ် နာကျင်စွာအော်ဟစ်လိုက်သည်။

    အထဲတွင် ပြင်းထန်စွာရုန်းကန်နေသကဲ့သို့ အလွန်ကြီးမားသော ဂိတ်ကြီး၏အော်ရာမှာ လျင်မြန်စွာပြောင်းလဲနေသည်။

        “ငါတို့နှစ်တစ်သောင်းကျော်တိုက်ခိုက်နေခဲ့ပေမဲ့ အဆုံးမှာ ဒီလိုဖြစ်လာတာပဲ"

     နတ်ဘုရားအဆင့်သည် သနားစွာဖြင့် ခေါင်းယမ်းလိုက်သည်။ သို့သော်လည်း လက်ရှိ၌ သူ စိတ်ကောင်း၀င်နေသည်။ ချင်နန် သေသွားပြီဖြစ်သောကြောင့် အကြီးမားဆုံးအန္တရာယ်မှာ ပြေလည်သွားပြီဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now