၁၁၀၆ - ၁၁၁၀

351 37 0
                                    


အပိုင်း (၁၁၀၆) သန်မာသောပြိုင်ဘက်များ

မြေပြင်ပေါ်က အက်ရာများမှတစ်ဆင့် ချင်နန်သည် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားပြီး သရဖူးဆောင်းထားသည့် ခေါင်းငုံ့ကြည့်နေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် အခြားသူမဟုတ် အမှောင်ဧကရာဇ်ဖြစ်သည်။
အမှောင်ဧကရာဇ်၏ ရှေ့၌ လူငယ်တစ်ယောက် ကောက်ကျစ်စွာပြုံး၍ ရပ်နေသည်။ သူသည် အမှောင်ဧကရာဇ်၏ မွေးစားသားထန်ရှောင်ဖြစ်ပြီး လက်ရှိအမှောင်တော်၀င်မြို့၏ ဒုမြို့သခင်ဖြစ်သည်။

"အဖေ...အဖေက အရမ်းအိုနေပြီ...အဖေ့အတွက် အနားယူရမဲ့အချိန်ရောက်နေပြီကို အဖေက လောဘကြောင့် ရာထူးကို မစွန့်နိုင်ဘူး...ဒါကြောင့်မလို့ အဖေရဲ့ သားကို အပြစ်မတင်ပါနဲ့"
ထန်ရှောင်လက်ဝှေ့ယမ်းပြလိုက်ပြီး တခြားဒုမြို့သခင်လေးယောက်အား အမှောင်ဧကရာဇ်ကို ဝိုင်းရန် အချက်ပြလိုက်သည်။

အမှောင်ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်တဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်လာသည်။ ထိုလူများ သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရွှပ်...

မြို့သခင်စံအိမ်၏ အထက်တွင် ရှိနေသော ချင်နန်သည် ထန်ရှောင်နှင့် သူ့လူများထံသို့ ကြောက်မက်ဖွယ်ရာဆေဘာစွမ်းအင်များ ပစ်လွှတ်လိုက်သည်။

"ဘယ်သူလဲ"
ထန်ရှောင်နှင့် အခြားသူများ တုန်လှုပ်သွားသည်။ သို့သော်လည်း ချင်နန်၏ အော်ရာကို သတိပြုမိပြီးနောက် သူတို့ချက်ချင်းစိတ်သက်သာရာသက်ပြင်းချလိုက်သည်။ သူသည် သိုင်းဘီဘင်အဆင့်တစ်သာဖြစ်သည်။

"ဖျက်ဆီးခြင်းနယ်မြေ"
ချင်နန်၏ ခန္ဓာကိုယ်မှ တုန်လှုပ်ဖွယ်ရာအလင်းတစ်ခုထွက်ပေါ်လာပြီး ကျင့်ကြံသူလေးယောက်ကို တောင်လေးလုံးသဖွယ် ဖိချလိုက်သည်။

ထန်ရှောင်နှင့် သူ့လူများ အံ့ဩတုန်လှုပ်သွားသည်။ ဆေဘာစွမ်းအင်သည် အယောင်ပြတစ်ခုသာဖြစ်လိမ့်မည်ဟု သူတို့ လုံး၀မထင်ခဲ့ပေ။
သူတို့သည် ချက်ချင်းပင် ရတနာပစ္စည်းများနှင့် အဆောင်များကို အသုံးပြုကာ သူတို့ကိုယ်သူတို့ ကာကွယ်လ်ိုက်သည်။

ဘန်း...ဘန်း...ဘန်း...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now