၁၀၆၁ - ၁၀၆၅

411 40 0
                                    


အပိုင်း (၁၀၆၁) သိုင်းဘုရင်တစ်၀က်အဆင့်နှစ်ယောက်... ဗိမာန်၏ ရတနာ

    သိုင်းဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူသည် ချဉ်းကပ်လာသည့် အန္တရာယ်ကို သတိပြုမိလိုက်ပြီး အော်ဟစ်လိုက်သည်။ သူသည် ကြွက်သားတောင့်တင်းသော သူ၏ အနီရောင်လက်မောင်းဖြင့်  လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။

      ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သိုင်းသစ်ပင်ကိုးပင်တုန်ခါသွားပြီး ချင်နန် ခပ်သဲ့သဲ့ ညည်းလိုက်သည်။ သို့သော်လည်း သူသည် ၎င်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးပြီဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် သိုင်းဘုရင်တစ်၀က်အဆင့်ကျွမ်းကျင်သူကို ပတ်၍ တိဖန်းယွင်နှင့် အခြားသူများ ဘေးကင်းရန်အတွက် သူ၏ ဘေးဆွဲခေါ်လိုက်သည်။

     “ချင်နန်"

     “တပ်စု…တပ်စုခေါင်းဆောင်"
    ကျောင်းကျွယ်၊ ဓားအရှင်နှင့် တိဖန်းယွင်တို့ အလွန်အံ့အားသင့်သွားကြသည်။

   အခြားအမျိုးသားနှင့် အမျိုးသမီးမှာမူ သူတို့ အလွန်ရှုပ်ထွေးနေကြသည်။ သူတို့၏ သေခြင်းတရားမှာ မလွှဲဧကန်ကျရောက်တော့မည်ဟု ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက် သူတို့ကို ကယ်တင်လိမ့်မည်ဟု သူတို့ လုံး၀မထင်ထားခဲ့ပေ။

    “ငါတို့နောက်မှ စကားပြောရအောင်"
    ချင်နန် ကပျာကယာ ပြောလိုက်သည်။

     သူသည် သူ့ရင်ဘတ်ဆီသို့ တိုး၀င်လာသည့် ကြောက်မက်ဖွယ်ရာ လေပြင်းကို ခံစားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းပင်  တုံ့ဆိုင်းမှုမရှိဘဲ သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာလိုက်သည်။

   ပေါက်ကွဲသံတစ်သံနှင့်အတူ ချင်နန်၏ ခန္ဓာကိုယ်နောက်သို့ တရစပ်ဆုတ်သွားရပြီး သူ၏ နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်းတစ်ခုကျဆင်းလာသည်။
     သို့သော်လည်း သူသည် ထိုအရှိန်ကို အသုံးချ၍ ခြေတစ်ချက်ကန်ကာ ရှေ့ပြန်တက်လာပြီး သူ၏ ညာဘက်လက်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဆေဘာစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်။ ထို့နောက် သူသည် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးနှင့် ညာဘက်လက်ကို အစွမ်းကုန်အသုံးချ၍ မရပ်တန့်နိုင်သော ခြေလှမ်းများကို အသုံးပြုလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now