1716 - 1720

274 21 0
                                    

အပိုင်း (၁၇၁၆) အင်မော်တယ်တွေက ဘယ်သူတွေလဲ

     စတုတ္ထအစ်ကို....

    အန္တရာယ်ကြီးတစ်ခုကို ဖြေရှင်းပေးခဲ့တယ်…

   အစီအစဉ်...
    
   ထာ၀ရစက်၀န်းတောင်…

    ချင်နန်အတွက် မည်သည့်အရာကမျှ အဓိပ္ပာယ်မရှိပေ။
   သူသည် သားရဲသားရေပန်းချီ ထွက်ခွာသွားခြင်းကိုပင် သတိမထားမိခဲ့ပေ။

     သူသည် စာလိပ်ကို ရရှိချိန်၌ ၎င်းကို အပြည့်အ၀အာရုံစိုက်နေခဲ့သည်။

     “ယင်ယန်ပြောင်းပြန်သက်ရောက်မှုပညာရပ်"

      “တာအိုဆန့်ကျင်ပလ္လင်ကို တည်ဆောက်ပါ…လောကရဲ့ တာအိုကိုရှောင်ရှားပါ…ခုနှစ်ရက်အတွင်းသေသွားတဲ့ ပြိုင်ဘက်ကင်းအုပ်စိုးသူတွေ ဒါမှမဟုတ် သန်မာတဲ့တည်ရှိမှုတွေကို ယဇ်ပူဇော်ပါ…အမှောင်လောကသစ်သား၊ အင်မော်တယ် ပုန်ကန်ခြင်းသစ်ပင်၊ အဓိပတိနှလုံးသားသစ်သီး၊ မျက်လုံးရှစ်လုံးယင်နဲ့ ယန်ပန်းပွင့်တွေကို သုံးပြီး…"
       အဖိုးတန်ပစ္စည်းအများအပြား၏ စာရင်းပါရှိသည်။ ချင်နန်သည်  သူရှာဖွေနေသည့် အရေးကြီးဆုံးအပိုင်းကို နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။

     “ဒီအတိုင်းဆိုရင် မင်းယင်နဲ့ယန်ကို ဆန့်ကျင်ပြီး သေသွားတဲ့ ဝိညာဉ်တွေကို ပြန်လည်တည်ဆောက်ဖို့ ကြီးမြတ်တဲ့တာအိုကို ဖြိုခွင်းနိုင်လိမ့်မယ်"
    ထိုပညာရပ်သည် အားကိုးလို့ရနိုင်လားကို ချင်နန် မသေချာပေ။ သူသည် စာလိပ်ထဲတွင် ပါရှိသော အကြောင်းအရာများအား ကြေးနီမှန်ကို ပို့လွှတ်လိုက်သည်။
    ကြေးနီမှန်သည် ထိုအကြောင်းနှင့်ပတ်သက်၍ တစ်ခုနှစ်ခုသိလိမ့်မည်။

    “ဒီပညာရပ်ကို အင်မော်တယ်တစ်ယောက်က တီထွင်ထားတာပဲ…ဒါက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ပြန်လည်တည်ဆောက်နိုင်ပေမဲ့ အဲဒါကို တီထွင်တဲ့သူက သူ့ရဲ့ အမွေအနှစ်ကို မချန်ထားခဲ့ဘဲ လွန်ခဲ့တဲ့နှစ်တစ်သိန်းကျော်က သေဆုံးသွားခဲ့ပြီ…မင်းအဲ့ဒါကို ဘယ်ကတွေ့လာတာလဲ"
     ခဏကြာပြီးနောက် ကြေးနီမှန် အေးစက်စွာ ပြန်ဖြေလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now