1891 - 1895

159 16 0
                                    

အပိုင်း (၁၈၉၁)
   
      “အဲဒါက ဘာလဲ"
    ချင်နန် တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာကို သူ၏ အတွေးများ ပို့လွှတ်လိုက်သည်။

     “ဒီလိုကြောက်စရာကောင်းတဲ့ပုံရိပ်ကြီး"
     တောင်ခြေက ကျင့်ကြံသူများ တုန်လှုပ်သွားသည်။

     ၎င်းသည် ကိုးကောင်းကင်အဓိပတိများ၏ တောက်ပမှုထက်ပင် သာလွန်သည်။
     ၎င်း၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်နည်း…

     “ဟား…ဟား…သုံးတာ စောလှချေလား"
    ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ကန်ကူသည် ကျန်နီ၏ မနီးမဝေးတွင်ရောက်လာသည်။ သူသည်လည်း လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
    လေဟာနယ်ထဲက နောက်ထပ်ခမ်းနားသော ပုံရိပ်တစ်ခုပေါ်လာသည်။

      ကျန်နီ ဆင့်ခေါ်လိုက်သော ပုံရိပ်နှင့်မတူညီစွာပင် ၎င်းသည် သတ်ဖြတ်ခြင်းအော်ရာနှင့် သွေးနီရောင်အလင်းတစ်ခုကို ထုတ်ဖော်နေသည်။

     “ဘုရားရေ…ကောလာဟလတွေက တကယ်ပေါ့"
     တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာသည် ထိတ်လန့်တကြား ပြောလိုက်သည်။

     “အဲ့ဒါ ဘာလဲ"
     ချင်နန် သူ၏ အတွေးများကို ပို့လွှတ်၍ ထပ်မေးလိုက်သည်။
   ကျန်နီနှင့် ကန်ကူတို့နှစ်ဦးလုံး ဆင့်ခေါ်ထားသည့် ပုံရိပ်များသည် ကိုးကောင်းကင်အဓိပတိအဆင့်ထက် သာလွန်ကြောင်း သူ သတိပြုမိပြီးသားဖြစ်သည်။

     သို့ရာတွင် ပုံရိပ်နှစ်ခု၏ အော်ရာများက အတော်လေး ထူးဆန်းသည်။ ၎င်းတို့သည် စိတ်ဆန္ဒများဟုခံစားရသော်လည်း မတူပြန်ပေ။ သူတို့၏ စွမ်းအားသည်  ကိုးကောင်းကင်အဓိပတိ၏ စိတ်ဆန္ဒထက်လည်းအနည်းငယ်အားနည်းသည်။

     “ချေးပဲ…ဒါမမျှတလိုက်တာ"
    တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာ ကျိန်ဆဲလိုက်သည်။
    “ကောလာဟလတွေအရ လူတွေက တာအိုသခင်ဖြစ်တဲ့အချိန်မှာ မယုံနိုင်ဖွယ်ရာအပြောင်းအလဲတွေနဲ့ ကြုံရတယ်တဲ့"
     “ဒါကြောင့်မလို့ တူညီတဲ့တာအိုရှာဖွေခြင်းပညာရပ်ကို လေ့ကျင့်တဲ့ သူတို့ရဲ့ကလေး ဒါမှမဟုတ် သူတို့ရဲ့ ဆက်ခံသူတွေက ဒီတာအိုသခင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ အချိန်အတော်ကြာလေ့ကျင့်ထားရင် ထူးဆန်းတဲ့ပညာရပ်တစ်ခုကို သုံးနိုင်တယ်"
      “အဲ့ဒါက အခုသူတို့နှစ်ယောက်လုံး သုံးထားကြတဲ့ လောကအားလုံး အရှင်သခင်ဖြစ်ပြီးတော့ အဲဒီပညာရပ်က တာအိုသခင်ရဲ့‌ အော်ရာကို ဆင့်ခေါ်ပြီး ရန်သူကို သတ်နိုင်တယ်…"
      “သူတို့ပြိုင်ဘက်ကင်းအုပ်စိုးသူအဆင့်ကိုရောက်သွားရင် အဲဒီပညာရပ်က ပိုပြီးတောင်အစွမ်းထက်သွားလိမ့်မယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now