၁၃၉၆ - ၁၄၀၀

353 33 3
                                    


အပိုင်း (၁၃၉၆) ဓားတစ်ချောင်း၊ တိုက်ကိုးတိုက်

     သိုင်းနတ်ဘုရားထျန်းတု ကျယ်လောင်စွာအော်၍ ထူးဆန်းသော လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ တခြားသိုင်းနတ်ဘုရားခုနှစ်ယောက်သည်လည်း ချက်ချင်းပင် သူတို့၏ လက်ချောင်းများကို လှုပ်ခတ်ကာ သူတို့၏ နတ်ဘုရားစွမ်းအင်များဖြင့် သိုင်းနတ်ဘုရားထျန်းတုကို ပံ့ပိုးကူညီလိုက်သည်။

      ဝီ…

      ထို့နောက် စည်းတံဆိပ်တစ်ခုပေါ်လာပြီး လေဟာနယ်စုတ်ပြဲသွားသလို မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ပတ်၀န်းကျင်တစ်ခွင်လုံး ရွှေရောင် စွန်းထင်းသွားသည်။ ထို့ပြင် စည်းတံဆိပ်၏ အလယ်တွင် ဖြည်းလေးစွာဖြင့် ရှေးဟောင်းအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
     အမှတ်အသားမှာ ဆယ်ကျန်သာရှည်သည့်တိုင် ၎င်းသည်  ရွှေရောင်နဂါးတစ်ကောင်စီ ခန္ဓာကိုယ်များကို ရစ်ပတ်နေသော ပုံရိပ်တစ်သောင်းကျော် ဖန်တီးလိုက်သည်။
      ၎င်းမှာ ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၏ အစွမ်းထက်ဆုံးရှေးဟောင်းပစ္စည်းသုံးခုထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်အင်ပါယာအမှတ်အသားဖြစ်သည်။
      ၎င်းသည် ကောင်းကင်တောင်ပိုင်းဂိတ်နှင့် မယှဉ်နိုင်သည့်တိုင် ယင်း၏ စွမ်းအားမှာ ကြောက်စရာကောင်းသည့်အဆင့်တွင်ရှိသည်။
     လွန်ခဲ့သော နှစ်ရှစ်ထောင်က စစ်ပွဲတွင် ဖျက်ဆီးလို့မရဟု သတ်မှတ်နိုင်သော နဂါးနတ်ဘုရား၏ ခန္ဓာကိုယ်ပင် ၎င်း၏ ထိုးဖောက်ခြင်းခံခဲ့ရသည်။

      “သူတို့က ကောင်းကင်အင်ပါယာအမှတ်အသားကို သုံးနေတာပဲ"
      နတ်ဘုရားတောင်များထဲက ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၏ အစွမ်းထက်ပုဂ္ဂိုလ်များ အံ့ဩသွားသည်။

       “ခေါင်းမာလိုက်တာ"
    သို့သော်လည်း မှော်ဆံရှင်ဓားနတ်ဘုရား တုတ်တုတ်မျှ လှုပ်ခြင်းမရှိပေ။ သို့သော်လည်း သူ၏ မျက်လုံးများထဲတွင် အထင်သေးမှုများ ဖြစ်ပေါ်နေသည်။

     “ မှော်ဆံရှင်… ကောင်းကင်အင်ပါယာအမှတ်အသားကို လျှော့တွက်မနေနဲ့"
      သိုင်းနတ်ဘုရားထျန်းတု ဒေါသထွက်သွားသည်။
      သို့သော်လည်း ကောင်းကင်အင်ပါယာအမှတ်အသား၏ အစွမ်းကို မထုတ်ဖော်ရသေးခင်မှာပင် ဟင်းလင်းပြင်ထဲမှ ခမ်းနားထည်ဝါသော ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now