၁၁၆၆ - ၁၁၇၀

357 37 0
                                    


အပိုင်း (၁၁၆၆) ) စည်းရုံးခြင်းနှင့် ငြင်းပယ်ခြင်း

      “နှုတ်ခွန်းဆက်ပါတယ် အန္တိမအကြီးအကဲ"

      “နှုတ်ခွန်းဆက်ပါတယ်"

     ကျောက်စိမ်းကန်ထွတ်မြတ်တောင်မှ အကြီးအကဲနှင့် ခရမ်းရောင်၀တ်ရုံနှင့် အဘိုးအိုတို့ ၀မ်းသာသွားပြီး ချက်ချင်းပင် အန္တိမအကြီးအကဲများကို နှုတ်ဆက်လိုက်သည်။ သူတို့၏ ကျောပေါ်တင်နေသည့် ကျောက်တုံးများ အောက်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
     အခြေအနေသည် သူတို့၏ ထိန်းချုပ်မှုထဲက လွတ်ထွက်သွားခဲ့သောကြောင့် သူတို့ရှေ့ဆက်တိုးပါက သူတို့ ဘ၀ပျက်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း အန္တိမအကြီးအကဲများ ရောက်လာသောကြောင့် နောက်ထပ်ဖြစ်ပွားလာမည့်အရာသည် သူတို့နှင့် မသက်ဆိုင်တော့ပေ။

      “ဘာ…အန္တိမအကြီးအကဲသုံးယောက်"

     “သောက်ခွေးပဲ…အန္တိမအကြီးအကဲသုံးယောက်လုံး ဒီကိုရောက်လာတာလား"

      အကြီးအကဲများနှင့် တပည့်များ လုံး၀ထိတ်လန့်ချောက်ချားနေသည်။ သို့သော်လည်း သူတို့သည် သူတို့၏ အတွေးများကို အလျင်အမြန်စုစည်းကာ ဒိုဂျို၏ အလယ်တွင် ရှိနေသော ချင်နန်ကို ကြည့်လိုက်သည်။
       အန္တိမအကြီးအကဲသုံးယောက်ရောက်လာရသည့်အကြောင်းအရင်းမှာ ချင်နန်ကြောင့်ဖြစ်ကြောင်း သံသယစိုးစိမျှရှိစရာမလိုချေ။

      ထိုအချိန်၌ ချင်နန်၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။
      သူသည် အဖွဲ့အစည်းကြီးသုံးခု၏ အစီအစဉ်အား ဖျက်ဆီးကာ သူတို့၏ တပည့်သုံးဆယ်ကျော်ကို မသန်မစွမ်းဖြစ်အောင်လုပ်ခဲ့သည်။ ထို့ပြင် သူသည် ကျင့်ကြံမှုစည်းမျဉ်းများထက် ကျော်လွန်သည့် သူ၏ လျှို့ဝှက်ချက်ကိုလည်း ထုတ်ဖော်ခဲ့သေးသည်။
     သို့ဖြစ်သဖြင့် အန္တိမအကြီးအကဲသုံးယောက်ရောက်ရှိလာခြင်းမှာ လုံး၀အံ့ဩစရာမဟုတ်ပါ။

     “သိုင်းဘုရင်ကျိဝူ၊ သိုင်းဘုရင်ယွီယောင်၊ သိုင်းဘုရင်နန်ကျန်…အန္တိမအကြီးအကဲသုံးယောက်က ဘာလို့အလယ်ပိုင်းတိုက်ကြီးက နဂါးအင်ပါယာကလန်ကို ရောက်လာရတာလဲ"
      အန္တိမအကြီးအကဲသုံးယောက် ရောက်လာရသည့် အကြောင်းအရင်းမှာ ချင်နန်ကြောင့်ဖြစ်ကြောင်း နဂါးအင်ပါယာနှင့် အခြားသိုင်းဘုရင်များအားလုံး ရှင်းလင်းစွာသိသည်။
     နဂါးအင်ပါယာကလန်၏ ခေါင်းဆောင်အနေဖြင့် သူသည် နဂါးအင်ပါယာကလန်ကို အကူအညီများစွာပေးခဲ့သော ချင်နန်အား ကာကွယ်လိုကြောင်း ပြောစရာမလိုပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now