၁၂၀၁ - ၁၂၀၅

400 36 0
                                    


အပိုင်း (၁၂၀၁) ကြီးမြတ်သောအကြီးအကဲ

     “ပျက်စီးသွားတာလား"

     “သူရသတ္တိကျောက်တိုင်ပေါက်ကွဲသွားတာလား"
    
      “ချေး…သူရသတ္တိကျောက်တိုင်က တကယ်ပေါက်ကွဲသွားတာလား"

     မိုးကြိုးသိုင်းဘုရင်၊ ပုံရိပ်ယောင်သိုင်းဘုရင်၊ ကျင့်ကြံသူများနှင့် ကျွမ်းကျင်သူများ လုံး၀ကြက်သေသေနေကြသည်။
     သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့ လုံး၀မမျှော်မှန်းထားသော အရာဖြစ်သည်။

      သူရသတ္တိကျောက်တိုင် ပေါက်ကွဲသွားခဲ့သည်။
     ၎င်းမှာ အဘယ်အရာကိုဆိုလိုသနည်း…

     ချင်နန်သည် ကောင်းကင်တောင်ပိုင်းဂိတ်ကို စိုးစိမျှမ‌ကြောက်ဟု ဆိုလိုသည်။

      ထိုကောင်းကင်ဂိတ်၊ ကောင်းကင်တောင်ပိုင်းထွတ်မြတ်နယ်မြေ၏ နံပါတ်တစ်ရတနာ…

      ၎င်းသည် နတ်ဘုရားတစ်၀က်ဒေသကို နှစ်တစ်သောင်းကျော်အုပ်စိုးခဲ့သည့်အရာဖြစ်သည်။
    ၎င်း၏ စွမ်းအားကို တိုင်းတာ၍မရပေ။

    “တော်တယ်…အရမ်းတော်တယ်"
    မိုးကြိုးသိုင်းဘုရင် သူ၏ အတွေးများကို စုစည်းပြီးနောက် ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်သည်။
       သူသည် ပုံရိပ်ယောင်သိုင်းဘုရင်ကို လှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။
      “ခန်းမခေါင်းဆောင်…ချင်နန်ရဲ့ ဒုတိယကြိုးပမ်းမှုရလဒ်ကို လက်ခံနိုင်ရဲ့လား"

    ပုံရိပ်ယောင်သိုင်းဘုရင် မကြည်မသာမျက်နှာထားဖြင့် ပြောလိုက်သည်။
      “ဒါတကယ်ကိုအထင်ကြီးစရာပါပဲ...ကောင်းကင်ဆန့်ကျင်နန်းတော်ရဲ့ ဒုခေါင်းဆောင်အနေနဲ့ ငါ ကတိတည်တဲ့လူပဲ…ငါသူရသတ္တိကျောက်တိုင်ရဲ့ ဆုံးရှုံးမှုအတွက် တာ၀န်ယူပါမယ်"

     သူ  ချင်နန်ကို အေးစက်စွာ ကြည့်ပြီးနောက် သူ၏ အင်္ကျီလက်စကိုလှုပ်ခါ၍ ထွက်သွားသည်။

      ယခု ဤနေရာတွင်ဆက်နေခြင်းသည် သူ့အတွက် အဓိပ္ပာယ်မရှိပေ။

    “ကျင့်ကြံသူယွီလျန်ယန်… ချင်နန်က ဒုတိယကြိုးပမ်းမှုမှာ သူရသတ္တိကျောက်နှစ်ခုပဲထုတ်နိုင်မယ်လို့ နင် ပြောခဲ့တယ်မဟုတ်ဘူးလား"
    မူမူသတိပြန်၀င်လာသောအခါ ယွီလျန်ယန်ကို ခနဲ့သဲ့သဲ့ဖြင့် ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now