၁၂၃၁ - ၁၂၃၅

360 40 0
                                    


အပိုင်း (၁၂၃၁)စောင့်ကြည့်သူ

       “ချေးပဲ"

      “ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

      “သူက သိုင်းဘုရင်တစ်ယောက်နဲ့ တိုက်နေတာပဲ"

      “ချင်နန်က သိုင်းဘုရင်တစ်ယောက်နဲ့ ရင်ဆိုင်နိုင်တယ်ပေါ့"

      “ကျင့်ကြံမှုစည်းမျဉ်းတွေထက် ကျော်လွန်တာက ဒီလောက်ထိကြောက်ဖို့ကောင်းတာလား"
   
      “ဟူး…ဒါမယုံနိုင်စရာပဲ…လုံး၀ကို မယုံနိုင်စရာပဲ"

     တောင်ပေါ်မှ အဖွဲ့အစည်းအသီးသီးမှ တပည့်များနှင့် သိုင်းဘုရင်များ သူတို့၏ အတွေးများကို စုစည်းလိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

       သိုင်းဘီဘင်အထွတ်အထိပ်အဆင့်တစ်ယောက် သိုင်းဘုရင်တစ်ယောက်နှင့် လက်ရည်တူ ယှဉ်ပြိုင်နေခြင်းကို သူတို့ တစ်ခါမျှ မမြင်ဖူးပေ။
    ကျင့်ကြံမှုစည်းမျဉ်းများထက် ကျော်လွန်သော အဖွဲ့အစည်းကြီးသုံးခုမှ ဂျီးနီးယပ်သုံးယောက်ပင် သိုင်းဘုရင်အဆင့်တစ်ကို ရင်ဆိုင်နိုင်ပြီး သိုင်းဘီဘင်အဆင့်နှစ်ကို ခုခံနိုင်ရုံသာတတ်နိုင်သည်။

      “ဒါဘယ်လိုဖြစ်နိုင်မှာလဲ…ချင်နန်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ"
     ပုံရိပ်ယောင်သိုင်းဘုရင် သူ့ခေါင်းအား ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။
    အစောက ချင်နန် သေမည်ဟု သူ တရားသေ ယုံကြည်ထားခဲ့သည်။

      “ချေးပဲ…ဒါအဓိပ္ပာယ်မရှိလိုက်တာ…ဒီကောင်သိုင်းဘုရင်အဆင့်ကို မရောက်သေးဘူးဆိုတာ  သေချာတယ်…ဒါပေမဲ့ ဘာလို့ ဒိလောက်အစွမ်းထက်နေရတာလဲ…သူဘာတွေ ကြုံခဲ့ရတာလဲ"
      ပုံရိပ်ယောင်သိုင်းဘုရင်နှင့် နှိုင်းယှဉ်ပါက ရွှမ်လေသိုင်းဘုရင် ပို၍ဒေါသထွက်နေပြီး သူ၏ နှလုံးသားထဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

     အဆုံး၌ တပည့်များစွာနှင့် သိုင်းဘုရင်များစွာ တိုက်ပွဲကို ကြည့်နေသည်။
     အကယ်၍ သူ သိုင်းဘီဘင်တစ်ယောက်ကို မနိုင်ပါက သူသည် အများ၏ ရယ်စရာဖြစ်လိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now