၁၅၀၆ - ၁၅၁၀

352 32 0
                                    

အပိုင်း (၁၅၀၆) မယုံနိုင်ဖွယ်ရာစွမ်းရည်များ

      မြစ်မှာ သိပ်မရှည်ပေ။ ရေမှာကြည်လင်ပြီး ရေမျက်နှာပြင်မှာ ရောင်ပြန်ဟပ်နေသည်။ ရေပေါ်တွင် ပန်းပွင့်များလည်း မျောလွင့်နေပြီး မွှေးပျံ့သော ရနံ့ကို ထုတ်ဖော်နေသည်။

     ချင်နန်သည် သူ၏ အော်ရာကိုရုပ်သိမ်းကာ မြစ်ဆီသို့ သေသပ်စွာ ချဉ်းကပ်သွားသည်။ သူသည် လက်ရှိ၌ မြစ်ထဲတွင် သတိပေါ့စွာရှိနေသော သားရဲအများအပြားကို မြင်နေရသည်။

   

     ဗွမ်း…

     ချင်နန်သည် ရုတ်တရက် မီးတောင်တစ်ခုပေါက်ကွဲသလို လှုပ်ရှားလိုက်သည်။ သူသည် သူ့လက်ထဲက သစ်ကိုင်းကို မြစ်ထဲသို့ အလင်း၏ အမြန်နှုန်းဖြင့် ပစ်လွှတ်လိုက်သည်။

      ဝှစ်…

      သားရဲများ ထိတ်လန့်တကြားဖြစ်သွားသည်။ သူတို့ ချက်ချင်းပင် ထွက်‌ပြေးလိုက်ရာ ရေများ တဗွမ်းဗွမ်းနှင့် စင်ထွက်ကုန်သည်။ ရေပေါ်တွင် သွေးအိုင်တစ်ခု ဖြည်းလေးစွာ ပေါ်လာသည်။

     ချင်နန်သည် ရှေ့တက်သွားပြီး တောက်ပသောအကြေးခွံနှင့် ပုလဲလုံးများကဲ့သို့ မျက်လုံးများရှိသည့် ကြီးမားသော ငါးသုံးကောင်ကို ရေထဲက ဆယ်လိုက်သည်။

     “ဒီလောက်ဆို လောက်ပါတယ်"

    ချင်နန် ရေရွတ်လိုက်ပြီး မီးပုံလုပ်ဖို့အတွက် သစ်ကိုင်းခြောက်အနည်းငယ်ရှာဖွေလိုက်သည်။

      “ငါ အကြေးခွံတွေကို အရင်ဖယ်သင့်တယ်"

     ချင်နန် တွေးတောလိုက်သည်။ သူသည် သစ်ကိုင်းခြောက်ကို ဓားသဖွယ်လုပ်၍ အကြေးခွံများကို သန့်ရှင်းလိုက်သည်။

     ထို့နောက် ငါးသည် အနံ့ကောင်း မထွက်ကြောင်း သူ တွေ့ရှိလိုက်သည်။ ထို့ကြောင့် သူသည် ပန်းပွင့်အချို့ကိုရှာကာ အရည်ညှစ်၍ ငါးပေါ် ဖြန်းလိုက်သည်။

       “နောက်တစ်ခုက ဟင်းခတ်အမွှေးအကြိုင်တွေလုပ်ရမှာပဲ…ထားလိုက်ပါတော့ ကင်လိုက်တော့မယ်"

     ချင်နန် ဗိုက်တာနေသည်။ သူသည် အရသာကို ဂရုစိုက်မနေနိုင်တော့ချေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now