1831 - 1835

167 14 0
                                    

အပိုင်း (၁၈၃၁)မိန်းမရောက်ပြီ

     ချင်နန်၏ မျက်နှာရှုံ့မဲ့သွားသည်။

      အပြောင်းအလဲက အနည်းငယ် ဆိုးရွားသည်။

      “ဟား…ဟား…ဟား…"
    အင်မော်တယ်အင်ပါယာကျူးကန်သည် သူ၏ အတွေးများကိုစုစည်းကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အသံသည် လေဟာနယ်ကိုလှုပ်ခါသွားပြီး ပြောလိုက်သည်။
      “အိုး…ချင်နန် မင်းက ကောင်းကင်ကိုသွားရမဲ့အစား ငရဲလမ်းကို ရွေးခဲ့တာပဲ"
      “မင်းနုံရန်မျိုးနွယ်စုကလူတွေကို သတ်တုန်းက ပျော်နေခဲ့တယ်မလား"
        သူ၏ မျက်လုံးများ အေးစက်သွားပြီး ပတ်၀န်းကျင်က အပူချိန် မြင့်တက်လာသည်။

      “ချင်နန်"
    အင်မော်တယ်အင်ပါယာကူချင်နှင့် အခြားပြိုင်ဘက်ကင်းအုပ်စိုးသူများသည် သူတို့၏ အတွေးများ စုစည်းလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲ သတ်ဖြတ်ချင်စိတ်များ ယှက်ပြေးနေကြသည်။
       ပြိုင်ဘက်ကင်းအုပ်စိုးသူဆယ်ယောက်ကျော်၏ အော်ရာသည် ချောက်တစ်လျှောက် ပျံ့နှံ့သွားသည်။
        မြေပြင်သည် တုန်ခါလာပြီး ချောက်နံရံနှစ်ဖက်လုံးတွင် အက်ကွဲကြောင်းများပေါ်လာကာ အောက်ခြေသို့ ကျောက်ခဲများ ပြုတ်ကျလာသည်။

    ချင်နန် ဦးရေထုံသွားသည်။ သူ၏ နှလုံးသားထဲတွင်လည်း အေးစက်မှုများ ပြည့်နေသည်။

     သို့သော်လည်း ၎င်းက သူ့ကို ကြောက်ရွံ့စေရန် မလုံလောက်ပေ။ သူမဆိုင်းမတွ ပြောလိုက်သည်။

      “ပျက်ကိန်း...လုပ်လိုက်တော့"
     သူ၏ ခန္ဓာကိုယ်ထဲက အင်မော်တယ်စွမ်းအင်အပြည့်အ၀ကို ထုတ်လွှတ်လိုက်ပြီး သူသည် လေအဟုန်ခြေလှမ်းကိုသုံး၍ ကောင်းကင်သို့ ပျံသန်းသွားလိုက်သည်။
    ပျက်ကိန်းသည် အခြေအနေမည်မျှ ဆိုးဝါးကြောင်းကို ကောင်းစွာသဘောပေါက်သည်။ သူသည် ကျယ်လောင်စွာဟိန်းဟောက်ပြီး လက်ဟန်သင်္ကေတတစ်ခုပြုလုပ်ကာ ချင်နန်၏ ခန္ဓာကိုယ်ထဲကို ကြောက်မက်ဖွယ်ရာစွမ်းအင်များထည့်သွင်း၍ ချင်နန်ကို သန်မာစေလိုက်သည်။

      “ချင်နန် မင်းက ငါတို့ အင်ပါယာရှေးဟောင်းကျွန်းရဲ့  အဓိကအကြီးအကဲတစ်ယောက်ကိုသတ်ခဲ့တယ်…မင်းဒီလိုထွက်သွားလို့ရမယ်လို့ ထင်နေတာလား…"
       အင်ပါယာရှေးဟောင်းကျွန်း၏ ဆံပင်ရှည်ရှည်ပြိုင်ဘက်ကင်းအုပ်စိုးသူက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏ လက်ကိုဖြန့်လိုက်ရာ ချင်နန်နှင့် လီတစ်ထောင်အတွင်းမှ လေဟာနယ်သည် နတ်ဘုရားဓားတစ်စင်း၏ ပိတ်ဆို့ခြင်းခံလိုက်ရသည့်ပမာ ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now