၁၄၄၁ - ၁၄၄၅

355 31 0
                                    


အပိုင်း (၁၄၄၁)ငှက်မွေးအင်ပါယာ၏ ဒေါသ

        “ဘာဖြစ်လို့လဲ"
      သွေးမျက်လုံးမြေနတ်ဘုရား ချင်နန်ကြည့်ရာသို့ လိုက်ကြည့်လိုက်ရာ ရှေ့တွင်ရှိသော လီတစ်သောင်း၀န်းကျင်မှ ထွက်ပေါ်နေသည့် သိုင်းဘီဘင်အလင်းများနှင့် သိုင်းဘုရင်အလင်းများကို တွေ့လိုက်ရသည်။
      သိုင်းဘီဘင်များနှင့် သိုင်းဘုရင်များ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

       “ဒီမှာ နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းလို့ခေါ်တဲ့ အဖွဲ့တစ်ခုရှိတယ်…အခြေအနေအရဆို တခြားအဖွဲ့အစည်းတချို့က သူတို့ကို တိုက်ခိုက်နေကြတဲ့ပုံပဲ"
     ဇဝေဇဝါဖြစ်နေသော်လည်း သွေးမျက်လုံးမြေနတ်ဘုရား ချင်နန်ကို ရှင်းပြလိုက်ဆဲဖြစ်သည်။

      “နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်း"
    အဘယ်ကြောင့် သူ ထူးဆန်းသော ခံစားချက် ခံစားနေရကြောင်း ချင်နန် ချက်ချင်းနားလည်သွားသည်။

     နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းသည် နဂိုဤခန္ဓာကိုယ်ပိုင်ရှင်၏ အဖွဲ့အစည်းဖြစ်သည်။
    မျက်ခုံးမွေးထူထူနှင့် အဘိုးအိုသည် ၎င်း၏ ခေါင်းဆောင်ဖြစ်ပုံရသည်။

    “သွားကြည့်ရအောင်"
     ချင်နန် ခြေတစ်ချက်ကန်ကာ အဝေးသို့ ပျံသန်းသွားသည်။

     ထိုအချိန်၌ နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းတွင် ပေါက်ကွဲမှုများဖြစ်ပွားနေပြီး မရေမတွက်နိုင်သော ဘုရင်သိုင်းပညာများကို တွေ့လိုက်ရသည်။

      “မင်းတို့ကောင်တွေက အတင့်ရဲလှချေလား…,နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းရဲ့ခေါင်းဆောင်နဲ့ အကြီးအကဲတွေကို အဖွဲ့အစည်းသုံးခုက သတ်ပြီးသွားတာတောင် မင်းကို သူတို့ကို ကူညီရဲသေးတယ်ပေါ့"   
     နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းကို တိုက်ခိုက်နေသည့် ကျင့်ကြံသူများကြားထဲမှ သိုင်းဘုရင်အထွတ်အထိပ်အဆင့်တစ်ယောက် အေးစက်စွာဖြင့် ကြည့်လိုက်သည်။
     အစက သူ နှလုံးသားဖြောင့်မတ်ခြင်းဂိုဏ်းကို အလွယ်တကူနှိမ်နင်းနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဤကဲ့သို့ သန်မာသောခုခံမှုရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now