1871 - 1875

136 12 0
                                    

အပိုင်း (၁၈၇၁)

    ချင်နန်သည် သူ၏ ခန္ဓာကိုယ်ထဲ တာအိုသစ်ပင်ကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်ခဲ့သည်။
    တာအိုသစ်ပင်သည် လက်ရှိ၌ အသေးစားအောင်မြင်မှုအဆင့်တွင်ရှိသည်။ သူသည် ၎င်းကို အပြည့်အဝကြီးထွားစေဖို့အတွက် တခြားတာအိုရှာဖွေခြင်းပညာရပ်များကို ကျွမ်းကျင်ရလိမ့်မည်ဖြစ်သည်။
     သူ၏ ရည်မှန်းချက်အောင်မြင်ဖို့ နည်းလမ်းနှစ်ခုရှိသည်။
    ပထမတစ်ခုမှာ အဓိပတိတာအိုအင်အားစုများ၏ ထူးထူးခြားခြားပါရမီရှင်များကို ပိုင်ရှင်မဲ့ကောင်းကင်ပုံစံထဲတွင် ဖမ်းဆီးခြင်းဖြစ်သည်။
     ဒုတိယနည်းလမ်းမှာ သူ ပြိုင်ဘက်ကင်းအုပ်စိုးသူအဆင့်ကိုရောက်သည်အထိ စောင့်ပြီး လုပ်ကြံသူတစ်ယောက်ပမာ အဓိပတိတာအိုအင်အားစုများ၏ ထူးထူးခြားခြားပါရမီရှင်များ သို့မဟုတ် ပြိုင်ဘက်ကင်းအုပ်စိုးသူများကို တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းအညံ့ခံခိုင်းခြင်းဖြစ်သည်။
     ပထမနည်းလမ်းမှာ အတော်လေးဖြစ်နိုင်ချေနည်းသည်။
      ကိုးကောင်းကင်အင်မော်တယ်ဘုံတွင် အဓိပတိအင်အားစုတိုင်း၏ ထူးထူးခြားခြားပါရမီရှင်အများအပြား စုရုံးမည့်  ကြီးမားသော ပွဲမျိုးမရှိပေ။
    အကယ်၍ သူသည် ကောင်းကင်သစ်သီးများ၏ သတင်းကိုဖြန့်လိုက်လျှင်ပင် သူသည် အဓိပတိတာအိုအင်အားစုတိုင်းမှ ထူးထူးခြားခြားပါရမီရှင်တစ်ယောက်လောက်စီကိုသာ ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။

     အခြေအနေအရ သူ့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ကောင်းကင်သစ်သီးများကို အရယူပြီး ပိုင်ရှင်မဲ့ကောင်းကင်ပုံစံနှင့် ထူးထူးခြားခြားပါရမီရှင်များကို တစ်ယောက်ပြီးတစ်ယောက် ဖြည်းလေးစွာ ပစ်မှတ်ထားခြင်းဖြစ်သည်။
     သို့သော်လည်း ချင်နန် တစ်စုံတစ်ခုကို နားလည်သည်။
     အကယ်၍ သူထိုသို့လုပ်ဖို့ ရွေးချယ်လိုက်ပါက သူ၏ ရည်မှန်းချက်အောင်မြင်ဖို့ အချိန်အကြာကြီးစောင့်ရမည်ဖြစ်သည်။
    ထို့ပြင် ကိုးကောင်ကင်အင်မော်တယ်ဘုံတွင် အဓိကပွဲတော်မျိုးမရှိသောကြောင့် အဖွဲ့အစည်းအသီးသီးက ထူးထူးခြားခြားပါရမီရှင်များကို စုရုံးဖို့ ခက်ခဲသည်။
       ၎င်းမှာ ထူးထူးခြားခြားပါရမီရှင်များနှင့် တွေ့ရုံသာမက သူတို့နှင့်ယှဉ်ပြိုင်ဖို့ သူ၏ အခွင့်အရေးဖြစ်သည်။
     သူသည် တခြားအဖွဲ့အစည်းများ၏ ထူးထူးခြားခြားပါရမီရှင်များကို အနိုင်ယူကာ မတူညီသော တာအိုရှာဖွေခြင်းပညာရပ်များကိုပင် ရနိုင်သည်။
    အကယ်၍  သူ တာအိုရှာဖွေခြင်းပညာရပ်ဆယ့်နှစ်ခုကို လေ့ကျင့်နိုင်ပါက ဆယ့်သုံးခု သို့မဟုတ် ဆယ့်လေးခုကို အဘယ်ကြောင့် မလေ့ကျင့်နိုင်ရပါမည်နည်း…

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now