၁၃၁၆ - ၁၃၂၀

330 33 0
                                    


အပိုင်း (၁၃၁၆) သွေးကတိက၀တ်ဖြင့် မဟာမိတ်ဖွဲ့ခြင်း

      အပေါ်ယံ၌ တိုက်ခိုက်မှုမှာ သာမန်ဟုသာ ထင်ရသည်။ သို့သော်လည်း စင်စစ်မူ လက်ဖဝါး၏ အောက်တွင် ဝှက်ထားသော ကြောက်မက်ဖွယ်ရာ သွေးစက်ငါးစက်ပါသည်။
     အကယ်၍ ချင်နန်အပေါ် ကျရောက်သွားပါက သွေးစက်ငါးစက် ချက်ချင်းပေါက်ကွဲသွားကာ နတ်ဆိုးတစ်ရာကျော်အဖြစ် ပြောင်းလဲသွားပြီး အလွှာတစ်သောင်းသွေးနတ်ဆိုးအစီအရင်ကို အသက်သွင်းလိမ့်မည်ဖြစ်သည်။

      သိုင်းဘုရင်အဆင့်ခြောက်တစ်ယောက်ပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

      “ဘယ်သူက စည်းမျဉ်းကို ဖောက်ရဲတာလဲ"
     ဒိုဂျိုပေါ်မှ သိုင်းဘုရင်များစွာ အလွန်အံ့အားသင့်သွားသည်။ ကျော်ကြားသူများပင် သူတို့၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။
       နဂါးဝိညာဉ်နန်းတော်၏ ဒိုဂျိုပေါ်၌ အကြမ်းဖက်ခွင့်မရှိကြောင်း လူတိုင်း ရှင်းလင်းစွာသိသည်။

        “စည်းမျဉ်းဖောက်တဲ့လူ သေရမယ်"
      နောက်ဆုံးအချိန်၌ ရွှယ်ရှာ၏ စိတ်ထဲ မိုးခြိမ်းသကဲ့သို့  အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

     “ချေးပဲ"
      ရွှယ်ရှာ၏ မျက်နှာ ဖြူဖျော့သွားပြီး  သူ၏ နဖူးထက် ချွေးစီးများစီးကျလာကာ ချက်ချင်းပင် သူ၏ လက်ကိုရုပ်သိမ်းလိုက်သည်။
       အစောက သူသွမ့်ချင်းကို သတ်ချင်သည့် စိတ်တစ်ခုတည်းသာရှိနေသည်။ ထို့ကြောင့် သူ ခရမ်းရောင်ပုံရိပ်အကြောင်းကို လုံး၀မေ့လျော့နေခဲ့သည်။
      သိုင်းဘုရင်အဆင့်ကိုးတစ်ယောက်အနေဖြင့် ခရမ်းရောင်ပုံရိပ်မည်မျှကြောက်ဖို့ ကောင်းကြောင်းကို သူ သေချာသတိထားမိသည်။ အကယ်၍ သူ သွမ့်ချင်းကိုတိုက်ခိုက်ပါက သူ ပြင်းထန်သော ဒဏ်ရာများရလိမ့်မည်ဖြစ်သည်။

      “စီနီယာ.... ကျုပ် ကျုပ်ရဲ့ ရန်သူကို တအားမုန်းလို့ မျက်စိကန်းသွားခဲ့ပါတယ်…ကျုပ်စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ မရည်ရွယ်ပါဘူး…သက်ညှာပေးပါ"
      မဟာအကြီးအကဲတစ်ယောက်ပီသစွာပင် ရွှယ်ရှာသည် အလျင်အမြန်တုံ့ပြန်လိုက်၍ ခရမ်းရောင်ပုံရိပ်ကို လက်သီးစုကာ နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now