၁၂၀၆ - ၁၂၁၀

436 34 0
                                    


အပိုင်း (၁၂၀၆) ရတနာများကိုနှိမ်နင်းခြင်း

      ချင်နန် ခေါင်းမော့၍ ကြည့်လိုက်သည်။

       ခန်းမတစ်ခုလုံးသည် ကျန်လေးရာပတ်လည်ရှိသည်။ ၎င်းကို အနီအပြာရောနေသည့် ရှေးဟောင်းတွင်းထွက်တချို့ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ နံရံများပေါ်တွင် အစဉ်အမြဲ လောင်ကျွမ်းနေသော ဖယောင်းတိုင်များသည် အလင်း၏ အရင်းအမြစ် ဖြစ်သည်။
      ခန်းမတစ်ခုလုံး၌ အရွယ်အစားအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး၊ အော်ရာအမျိုးမျိုးနှင့် ရတနာများပြည့်နှက်နေသည်။။ အကြမ်းဖျင်းတစ်ချက်နှင့်အတူ အနည်းဆုံး ထောင်ချီရှိပြီး ဓားစွမ်းအင်အလွှာတစ်ခုစီဖြင့် ကာကွယ်ထားသည်။
     သိုင်းဘုရင်များပင် အကာအကွယ်ဖျက်ဆီးရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

       ချင်နန်ပတ်၀န်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် မိန်းမောသွားသည်။ ရတနာပစ္စည်းအများစုမှာ အတော်လေးထူးခြားသည်။
     ဥပမာအနေဖြင့် ထောင့်တွင်ရှိသော ဓားကျိုးတစ်ချောင်းသည် အတော်လေးသာမန် ဖြစ်နေသည်။ သို့သော်လည်း ၎င်းသည် သိုင်းဘုရင်တစ်ယောက်၏ သန်မာသော စိတ်ဆန္ဒ ပိုင်ဆိုင်ပြီး ဓားသိုင်းဘုရင်တစ်ယောက် လူကိုယ်တိုင်ရှိနေသည်ဟု ခံစားစေရသည်။
     ထိုအချိန်၌ အခြားထောင့်မှ လှံတိုတစ်ချောင်းသည် အရောင်တစ်လက်လက်နှင့် ဖြစ်နေပြီး လောကထဲတွင်ရှိသော အရာအားလုံးကို ထိုး‌ဖောက်နိုင်သည်ဟု ခံစားရသည်။
      ရှေးဟောင်းခေါင်းလောင်းတစ်ခု၊ သံမဏိကြိုးတချို့၊ သိုင်းနတ်ဘုရား၏ စိတ်ဆန္ဒပါသော ရှေးဟောင်းယပ်တောင်တစ်ချောင်း၊ အထဲ၌ တျန်အဆင့်ခုနှစ်သိုင်းဝိညာဉ်ပါသော မီးကျောက်တုံးတစ်တုံး၊ ကြီးမြတ်သောအော်ရာထုတ်ဖော်နေသည့် အလောင်းတစ်လောင်း……အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံဖြစ်သည်။
      ချင်နန်အတွက် တစ်ခုချင်းစီကိုကြည့်ရန် အလွန်များပြားလွန်းလှသည်။

      “မင်းလိုပုရွက်ဆိတ်တစ်ကောင်က ဒီထဲ၀င်လာရဲတယ်ပေါ့"

       “ဟား…ဟား…ဟား.…သူတို့က သိုင်းဘီဘင် ကလေးတစ်ယောက်ကို ဒီလွှတ်လိုက်တာလား"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now