၁၁၇၆ - ၁၁၈၀

354 35 0
                                    


အပိုင်း (၁၁၇၆) ကျန်းရှောင်ရှန်

        “မင်း လူ့ကျင့်၀တ်ကို မင်းနားလည်လား…ပထမရောက်တဲ့လူက အရင်ရမယ်ဆိုတာ မင်းမသိဘူးလား"
      ချင်နန် မျက်နှာသေဖြင့်မေးလိုက်သည်။

     “ပထမရောက်တဲ့သူက အရင်ရမယ်"
     လူငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ရယ်ချလိုက်သည်။
      “ဘောကို လူ့ကျင့်၀တ်…ဘောကို ပထမရောက်တဲ့လူ အရင်ရပါလား…ငါသိတာတော့ နတ်ဘုရားကျောက်တုံးအများဆုံးပေးနိုင်တဲ့လူက ရမှာပဲ…ဒါ့အပြင်ငါကကျောက်တွေအားလုံးကို ၀ယ်မှာ…မင်းကတော့ ငါးခုတင်၀ယ်မှာ…ဘယ်သူက ငွေပိုရှိလဲဆိုတာ သိသာတယ် …တကယ်လို့ မင်းမကျေနပ်ဘူးဆိုရင် ဘယ်သူပိုများများကမ်းလှမ်းနိုင်မလဲဆိုတာ ကြည့်မယ်လေ"
     လူငယ်၏ မျက်လုံးထဲ အထင်သေးမှုများ ပြည့်နှက်သွားသည်။
      သူ၏ နာမည်မှာ ကွမ်ဟူဖြစ်ပြီး အဖွဲ့ငယ်တစ်ခု၏ သခင်လေးဖြစ်သည်။
        သူ၏ ပင်ကိုပါရမီမှာ မထူးခြားသည့်တိုင် သွေးမြွေမျက်လုံးသုံးလုံးကို အမွေဆက်ခံခဲ့သူဖြစ်သည်။
      ဤကျောက်များအားလုံးသည် အတော်လေးထူးခြားနေသောကြောင့် သူသည် ကျောက်များအားလုံးကို ၀ယ်ရန် စီစဉ်ထားခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ ကျောက်ပုံထဲမှ အဖိုးတန်ပစ္စည်းဆယ်ခုကျော်ရနိုင်သည်။
      သူသည် ဤကဲ့သို့အခွင့်အရေးကို မည်ကဲ့သို့ လွဲချော်ခံနိုင်မည်နည်း…

    ချင်နန်၏ မျက်လုံးများ မှေးစင်းသွားသည်။ ထိုလူငယ်၏ မျက်လုံးကို ချင်နန် သူ၏ ဘယ်ဘက်မျက်လုံးဖြင့် သတိထားမိသည်။ ထို့ကြောင့် သူမည်သည့်အရာစီစဉ်နေကြောင်းကို ချင်နန် ချက်ချင်းနားလည်လိုက်သည်။
      လူငယ်သည် ကုန်သည် ကျောက်များကို အတုအယောင်ပြုလုပ်ခဲ့သည့် အထင်ကြီးစရာနည်းလမ်း၏ လှည့်စားခံနေရကြောင်းထင်ရှားသည်။ ကျောက်အများစုထဲ၌ အဖိုးတန်ပစ္စည်းများရှိသည်ဟု လူငယ်ထင်နေသည်။

       “ငါ့မှာ တကယ်နတ်ဘုရားကျောက်တုံးတွေ အများကြီးမရှိဘူး…မင်းပဲယူလိုက်ပါ"
     ချင်နန် တည်ငြိမ်စွာ ပြောလိုက်သည်။
    သူ သူ၏ ကျင့်ကြံမှုအားထုတ်ဖော်ကာ လူငယ်ကို ခြိမ်းခြောက်နိုင်သည်။ သို့သော်လည်း လူငယ်သည် အလွန်ဘ၀င်မြင့်မောက်မာနေသောကြောင့် သူ လူငယ်ကို သင်ခန်းစာပေးရန် စီစဉ်ထားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now