၁၅၉၆ - ၁၆၀၀

357 32 0
                                    

အပိုင်း (၁၅၉၆) သခင်ဝူဒင်

       ၎င်းသည် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်အုပ်ချုပ်သော အဖွဲ့အစည်းတစ်ခု၏ အတွင်းစည်းတပည့်ဖြစ်ခြင်းမဟုတ်ဘဲ အဓိပတိတာအိုအင်အားစုတစ်ခု၏ အတွင်းစည်းတပည့်ဖြစ်ခြင်းဖြစ်သည်။
       ၎င်းသည် ချင်နန်အား ရှန်ရှင်ထျန်အင်မော်တယ်ဘုံတစ်ခွင်တွင် ကြီးမားသောအဆင့်အတန်းတစ်ခု ပေးစွမ်းလိမ့်မည်ဖြစ်သည်။

      သို့သော်လည်း ထူးကဲမှုသုံးခုကျွမ်းကျင်ပြီး အင်မော်တယ်အမြစ်ရှိသူများပင် အတွင်းစည်းတပည့်တစ်ယောက်ဖြစ်ဖို့အတွက် စမ်းသပ်မှုအမျိုးမျိုးကို ဖြတ်ကျော်ရသည်။
     အမျိုးသမီးသည် စမ်းသပ်မှုတွင် သုံးကြိမ်တိုင်တိုင်ပါ၀င်ပြီးသော်လည်း အားလုံးကျရှုံးခဲ့သည်။

       “ဒါက အစ်ကိုချိူးဟုန်ကြောင့်ပဲဖြစ်လိမ့်မယ်…ဇာတိဖြစ်ရပ်ဆန်းအင်မော်တယ်အမြစ်နဲ့ လူတောင်မှ အများဆုံးအပြင် ပိုကောင်းမွန်တဲ့အရင်းအမြစ်နဲ့ အပြင်စည်းတပည့်အဖြစ်ပဲခန့်အပ်ခံရမှာ"
       အမျိုးသမီးသည် သူမ၏ အတွေးများကို အလျင်အမြန် စုစည်းလိုက်သည်။ သူမသည် ချင်နန်အပေါ် မတူညီသော အမြင်ရှိရုံသာမက အမှန်တကယ်ပင် ရန်ငြှိုးထားလိုက်သည်။
      သူမသည် အတွင်းစည်းတပည့်ဖြစ်နိုင်ဖို့အတွက် ချိူးဟုန်နှင့် မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေခြင်းဖြစ်သည်။
     သို့သော်လည်း ထိုချင်နန်ဟု ခေါ်သည့်လူသည် သူမ၏ နေရာကို ၀င်ယူသွားခဲ့သည်။

      “ကျုပ်စိတ်မကောင်းပါဘူး…ကျုပ်အခုလောလောဆယ်ဘယ်အဖွဲ့အစည်းထဲမှ မပါချင်ပါဘူး"
      ချင်နန် ခေါင်းယမ်းကာ ကမ်းလှမ်းမှုကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

       “မင်း…မင်း ငါတို့ရဲ့ အဖွဲ့ထဲမ၀င်ဘူးပေါ့"
      တတိယအကြီးအကဲ၊ သက်လတ်ပိုင်းလူနှင့် အပြာရောင်အ၀တ်အစားနှင့်အမျိုးသမီးမှာ လုံး၀ကြက်သေသေသွားသည်။

        သူက သူ့ရဲ့ရှေ့က ဒီလိုကမ်းလှမ်းမှုကြီးကို တကယ်ငြင်းလိုက်တာပေါ့....

      “ကျင့်ကြံသူမင်းသေချာရဲ့လား…တချို့အခွင့်အရေးတွေက လွဲချော်သွားရင် ပြန်မလာတတ်ဘူးနော်"
    တတိယအကြီးအကဲ၏ အသံမှာ တဖြည်းဖြည်းအေးစက်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now