1806 - 1810

217 17 0
                                    

အပိုင်း (၁၈၀၆) ခေါင်းကိုးလုံးလကိုက်ခွေး

    ဝေါင်း…

   အလွန်ကြီးမားသော တွင်းကြီးထဲမှ ကြောက်မက်ဖွယ်ရာ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
    အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် ကြောင်တောင်တောင်နှင့် သူ၏ အင်မော်တယ်ပညာရပ်ကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်သည်။ သူသည် တစ်ဝက်တာအိုအဆင့်လက်နက်ကိုထုတ်ဖော်ကာ ခုခံလိုက်၏။

    ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ တစ်ဝက်တာအိုအဆင့်လက်နက်ပေါ်တွင် အက်ရာများထလာသည်။
   အလွန်ပြင်းထန်သောစွမ်းအင်သည် အဘိုးအို၏ ရင်ဘတ်ပေါ်သို့‌ကျရောက်သွားရာ နာကျင်စွာ အော်ညည်းလိုက်သည်။
      သူနှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
    ချင်နန်နှင့်အခြားသူများသည် ပျက်ကိန်းကို သူတို့၏အင်မော်တယ်စွမ်းအင်ဖြင့် ထောက်ပံ့ပြီးနောက် သူ၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်ကင်းအုပ်စိုးသူတစ်ယောက်ကို ခြိမ်းခြောက်ဖို့ အားနည်းသေးသော်လည်း သာမန်ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်တစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိသည်။

     “ဒီလိုကြောက်စရာတာအိုလက်နက်…အထဲမှာ ရှေးဦးသားရဲတစ်ကောင်လည်းရှိတယ်"
    အင်မော်တယ်ဝိညာဥ်မျိုးနွယ်စုထဲက ကျင့်ကြံသူများနှင့် လူအုပ်ကြီး တုန်လှုပ်သွားသည်။

     “ဒါငါတို့ အခွင့်အရေးပဲ…"
   လုံရွှမ်လင်နှင့် အခြားသူများသည် အနည်းဆုံးငါးဆယ်ရာခိုင်နှုန်းခန့် လျော့နည်းသွားသည့် တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာနှင့်ယွမ်ကျိတို့၏ အော်ရာများကို သတိထားမိလိုက်၏။
     တာအိုလက်နက်ကို အသုံးပြုခြင်းသည် သူတို့၏ အင်မော်တယ်စွမ်းအင် အများအပြားကိုလည်း သုံးစွဲရသည်။
 
     “ရှင်တို့ရဲ့ အင်မော်တယ်စွမ်းအင်တွေကို ပြန်ဖြည့်ပေးမယ်"
     တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လင်လန်လန်သည် သူမ၏ လက်ကိ ဝှေ့ယမ်းကာ ချင်နန်၊ တောက်ပခြင်းရှစ်ပါးနတ်ဆိုးအင်ပါယာနှင့် အခြားသူများ၏ ခန္ဓာကိုယ်ထဲကို သန့်စင်သောစွမ်းအင်များ ထည့်သွင်းပေးလိုက်၏။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now