၁၆၅၆ - ၁၆၆၀

319 25 0
                                    

အပိုင်း (၁၆၅၆) အထင်ကြီးစရာရဲစွမ်းသတ္တိ

       “ဟား…ဟား…ဟား…ကောင်းကင်က ငါ့ကိုစိတ်မပျက်စေဘူးပဲ"
     နန်းတော်များထဲက ကျင့်ကြံသူတစ်ယောက်မှာ အရင်ဆုံးသတိပြန်၀င်လာသူဖြစ်သည်။ သူသည် ကျယ်လောင်စွာရယ်မောပြီး ချက်ချင်းပင် နဂါးကြီး၏ ပါးစပ်ထဲ ၀င်သွားသည်။

       “ဒါငါ့အခွင့်အရေးပဲ"

      “ချက်ချင်းအထဲကိုသွားကြအောင်"

     ကျင့်ကြံသူများသည် အလျင်အမြန်တုံ့ပြန်ကာ ပထမကျင့်ကြံသူ၏ နောက်က လိုက်လိုက်ကြသည်။

      ဘာဖြစ်နေကြောင်းကို သူတို့မသိသည့်တိုင် ယခုအချိန်၌ သူတို့ ပုံရိပ်ယောင်နဂါးကိုးကောင်ထဲ ၀င်နိုင်သောကြောင့် သူတို့အတွက် ထူးခြားသော အမွေအနှစ်များနှင့် တွေ့ရဖို့ အခွင့်အရေးရှိသည်။

       “စိတ်မကောင်းစရာပဲ…ငါဆင့်ခေါ်ထားတဲ့ နဂါးရဲ့အဆင့်က မလုံလောက်ဘူး…ဒါကြောင့်မလို့ ငါနန်းတော်တွေရဲ့ အနက်ပိုင်းကို မသွားနိုင်ဘူး"
      ကျန်ရှိသော ကျင့်ကြံသူများ ခေါင်းယမ်း၍ သက်ပြင်းချလိုက်ကြသည်။ အခွင့်အရေးမှာ သူတို့၏ ရှေ့တွင်ရှိသော်လည်း သူတို့ မသိမ်းပိုက်နိုင်ပေ။

       “ဘာဖြစ်တာလဲ…ငါဘာလို့ နန်းတော်တွေရဲ့ အနက်ပိုင်းထဲသွားလို့ရနေတာလဲ"
    ရုတ်တရက် ကျင့်ကြံသူတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။

     သူသည် အနက်ပိုင်းထဲသွားဖို့ စမ်းကြည့်ရုံသာဖြစ်သော်လည်း သု့အားအံ့အားသင့်စွာပင် အတားအဆီးကို မည်သည့်ခုခံမှုမျှ မရှိဘဲ ဖြတ်ကျော်နိုင်သည်။

      “ဘာ…ငါတို့အခု နန်းတော်တွေရဲ့ အနက်ပိုင်းထဲသွားလို့ရပြီလား"

     “မြန်မြန် မိတ်ဆွေတို့…အထဲကို ချက်ချင်းသွားရအောင်"

      “ငါတို့ ဘာလို့ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ရနေမှာလဲ…ငါတို့ ပုံရိပ်ယောင်နဂါးကိုးကောင်ဆီကို သွားကြမယ်"
     ချက်ချင်းပင် ၀ရုန်းသုန်းကားဖြစ်သွားသည်။
      ကျင့်ကြံသူများ အလွန်စိတ်လှုပ်ရှားနေ၏။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now