၁၅၄၁ - ၁၅၄၅

450 39 0
                                    


အပိုင်း (၁၅၄၁) အလုပ်ကိစ္စအကြောင်းပြောရအောင်

      လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူများ ကြက်သေသေသွားသည်။

       လောင်ရှန်ကလန်၏ ခေါင်းဆောင်သည် သူ့ကိုသတ်မည်ဟု ခြိမ်းခြောက်ထားသော်လည်း ထိုလူငယ်သည် လောင်ရှန်ကလန်၏ တည်နေရာကြောင်းကို မေးနေသေးသည်လော…

       သူ ဟိုဟာလုပ်ဖို့စီစဉ်နေတာလား…

       လူတိုင်း၏ စိတ်ထဲတူညီသောအတွေးတစ်ခုပေါ်ပေါက်လာပြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။ ထိုလူငယ်မှာ မည်မျှရဲတင်းပါသနည်း…

     လောင်ရှန်ကလန်၏ တပည့်များ အလွန်ကြောက်ရွံ့နေသည်။ သူတို့ရိုးသားစွာဖြင့် ချင်နန်အား လောင်ရှန်ကလန်၏ တည်နေရာကို ပြောပြလိုက်သည်။

       “ဒါသိပ်မဝေးဘူးပဲ"

      ချင်နန် ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။

      “ကျင့်ကြံသူ မင်းတကယ်လောင်ရှန်ကလန်ကို သွားဖို့စီစဉ်နေတာလား…သူတို့ရဲ့ ခေါင်းဆောင်က မြေနတ်ဘုရားအဆင့်တစ်ကျွမ်းကျင်သူနော်…ဒါ့အပြင် လောင်ရှန်ကလန်မှာ…"

      လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် ချက်ချင်းပင်တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

       “ကျေးဇူးတင်ပါတယ်…နှုတ်ဆက်ပါတယ်"

     ချင်နန်သည် ခေါင်းပင်လှည့်မကြည့်ပေ။

      “ဒီကောင်က ဘယ်လောက်အတင့်ရဲလိုက်သလဲ…မြေနတ်ဘုရားအဆင့်ကျွမ်းကျင်သူက လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူနဲ့ အတူတူလို့ထင်နေတာလား"

      လူသားနတ်ဘုရားအဆင့်ကျွမ်းကျင်သူသည် ချက်ချင်းပင် မကျေမနပ်မျက်နှာအမူအရာဖြင့်ဖြစ်သွားသည်။

        “လူသားနတ်ဘုရားအဆင့်လေးက လောင်ရှန်ကလန်ကို စိန်ခေါ်ရဲတယ်ပေါ့…သူ့မှာ ဝှက်ဖဲတချို့ရှိလို့ သူ့ကိုယ်သူ အရမ်းယုံကြည်နေတာဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ်ရင် သူက လုံး၀ရူးနေတဲ့လူဖြစ်ရမယ်…ငါတို့လည်းသွားကြည့်ရအောင်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now