၁၆၀၆ - ၁၆၁၀

306 35 0
                                    

အပိုင်း (၁၆၀၆)တုန်လှုပ်ဖွယ်ရာစွမ်းအား

    “ သူ့ဘက်ကနေ ပြန်တိုက်နေတာလား"
     ကျင့်ကြံသူများစွာ၏ မျက်နှာများ တောင့်တင်းသွားကြသည်။ အစက ချင်နန်သည် သူ့ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းမည်ဟုသာ သူတို့ တွေးထင်ခဲ့ကြသည်။

      “ဟမ်"
     ထိုစဉ်အတောအတွင်းချင်နန်၏ လှုပ်ရှားမှုများသည် တစ်နည်းနည်းဖြင့် ထူးခြားကြောင်းကို သခင်ဝူဒင်နှင့် ကောင်းကင်အင်မော်တယ်များ သတိထားမိလိုက်သည်။
      သူတို့သည် ဤကဲ့သို့ မည်သည့်အင်မော်တယ်ပညာရပ်ကိုမျှ မမြင်ဖူးပေ။
        “ကောင်းတယ်"
     တင်ထျန်ချီအော်လိုက်သည်။ သူခေါင်းပေါ်တွင် တောင်ကဲ့သို့  ရှေးဟောင်းစည်းတံဆိပ်တစ်ခုပေါ်ပေါက်လာပြီး ချင်နန်၏ ခုတ်ပိုင်းချက်ကို ခုခံလိုက်သည်။
        သူ၏ အရိုးများတွင် မရေမတွက်နိုင်သော သင်္ကေတများဖုံးလွှမ်းလာသည်။
       သူ ထင်မှတ်မထားသည့် ရှုထောင့်ကနေ အတိုက်ခံရသည့်အချိန်တိုင်း သင်္ကေတများသည် အလိုအလျောက် အသက်၀င်လာကာ ခုခံပေးလိုက်ကြသည်။
     တစ်နည်းဆိုရပါက အကယ်၍ တစ်စုံတစ်ယောက်သည် သူ့ကို အလစ်အငိုက်တိုက်ခိုက်ခြင်းသို့မဟုတ် လုပ်ကြံလျှင် တင်ထျန်ချီထက် အများကြီးမသန်မာဘဲ အောင်မြင်လိမ့်မည်မဟုတ်ချေ။

       “ဖျက်ဆီးခြင်းစစ်လက်သီး"
       ချင်နန် ရပ်တန့်ခြင်းမရှိပေ။ သူသည် သူ၏ လက်သီးထိပ်တွင် စွမ်းအင်အားလုံး စုစည်းလိုက်သလို အဖျက်စွမ်းအားဖြင့် ရှေ့သို့ ထိုးချလိုက်သည်။
    သန်မာသော စွမ်းအင်တစ်ခုသည် အရပ်မျက်နှာအားလုံးကုန ဒီရေလှိုင်းလုံးကြီးတစ်ခုပမာ လှိမ့်တက်သွားသည်။

      ဝှစ်…

     တစ်ချိန်တည်းမှာပင် တင်ထျန်ချီသည် ရုတ်တရက် လက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ ထို့ပြင် နေရာတစ်ဝှမ်းတွင် ပုံရိပ်တစ်ရာသုံးဆယ့်ခုနှစ်ခု ပေါ်လာသည်။

     “ ပုံရိပ်ယောင်တွေလား…မဟုတ်ဘူး…ဒါတွေက နတ်ဘုရားစွမ်းအင်အတော်အတန်ရှိတဲ့ ကိုယ်ပွားတွေပဲ…သူတို့က အင်မော်တယ်ပညာရပ်တွေကို သုံးနိုင်တယ်"
     ချင်နန်သည် ပုံရိပ်များကို သူ၏ ရွှေမျက်လုံးများဖြင့် စစ်ဆေးလိုက်သည်။ သို့သော်လည်း သူ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ၏ နှလုံးသားထဲ အေးစက်မှုများ ပြည့်နှက်သွားသည်။
      သူသည် ချက်ချင်းပင် မရပ်တန့်နိုင်သော ခြေလှမ်းများကို အသုံးပြုလိုက်သည်။
     သူ၏ လက်ရှိစွမ်းအားဖြင့် ထိုပညာရပ်ကို အသုံးပြုသည့်အခါတွင် ပုံရိပ်အကြွင်းအကျန်ပင် ကျန်လိမ့်မည်မဟုတ်ပေ။
     အကယ်၍ သူ့ကို ကြည့်နေသော လူသည် အထင်ကြီးစရာမျက်လုံးပညာရပ် သို့မဟုတ် ထက်သန်သော အာရုံခံစားမှုမရှိပါက ချင်နန်သည် ရုတ်တရက်ကြီး လေထဲတွင် ပျောက်ကွယ်သွားသည်ဟု ခံစားရလိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် အတွဲ ၂ ( ၁၀၀၁ မှ ၁၉၈၀) ခွင့်ပြုချက်ရပြီးWhere stories live. Discover now