Description

40.1K 518 49
                                    

🤍 𝐋𝐨𝐯𝐞 & 𝐅𝐨𝐫𝐭𝐮𝐧𝐞 🤍

''မှားယွင်းမှုလေးတစ်ခုကနေ စတင်ခဲ့တဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေး ´´

အိပ်ရာပေါ်  ဆက်ဆံရေးတစ်ခုထဲရှိခဲ့ရာကနေ တဖြည်းဖြည်းနဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ အမြင်တွေပြောင်းလဲပြီး အချစ်တွေ ဖြစ်တည်လာတဲ့အခါ အေးစက်နေတဲ့ အိမ်ထောင်ရေးကို အချိန်မှီပြန်ပြုပြင်ရင်း အချစ်တွေဖန်တီးခဲ့ကြတဲ့ သူတို့နှစ်ယောက် ❀ ❀

သိတတ်လိမ္မာလွန်းတဲ့ သားလေးတစ်ယောက်နဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်လာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး 🤍🤍

အချစ်တစ်ခုထဲအပြင် သစ္စာတရားနဲ့ပါ ခိုင်မြဲစွာ ချည်နှောင်ထားတဲ့ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရား ~~

(っ◕‿◕)っ🤍 ............ (っ◕‿◕)っ 🤍

တစ်ယောက်ထဲကို ချစ်ခဲ့ပြီး၊ အဲ့တစ်ယောက်ထဲဆီမှာပဲ သူ့နှလုံးသားကို မြှုပ်နှံခဲ့တဲ့ ယောကျာ်းတစ်ယောက်ရဲ့ ချစ်တတ်မှု၊ မိန်းမနဲ့ ကလေးနှစ်ယောက်ကို မြူမှုန်လေးတစ်မှုန်စာတောင် မထိခိုက်ရအောင် ကာကွယ်ပေးနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့  နွေးထွေးလုံခြုံမှု ၊

ချစ်မိသွားတဲ့အခါမှာ အောင်မြင်ကျော်ကြားနေတဲ့ ပန်းချီဆရာမ ဘ၀ကို နောက်ဆုတ်ပြီး ခင်ပွန်းသည်အတွက်ဇနီးကောင်း၊ သားနဲ့သမီးအတွက် အမေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ပေးဆပ်နိုင်မှု၊

မိဘတွေအပေါ်မှာ အရွယ်နဲ့ မလိုက်အောင် သိတတ်လိမ္မာပြီး ၊ ၀န်တိုခြင်း ကင်းစွာဖြင့် သူ့ကိုယ်သူထက်တောင် ညီမလေးအပေါ်မှာ ဦးစားပေးပြီး ချစ်ပေးနိုင်တဲ့ အစ်ကိုတစ်ယောက်ရဲ့  အေးမြတဲ့ ချစ်ခြင်းမေတ္တာ၊

တစ်မိသားစုလုံးရဲ့ အချစ်တွေကို သိမ်းကြုံးပြီးရယူထားတဲ့ အငယ်ဆုံး မင်းသမီးလေးရဲ့ ချစ်ဖို့ကောင်းမှုပေါင်း များစွာကို ဒီ '' Love & Fortune ´´ Fiction လေးမှာ ဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်ရှင် 🤍🤍

~~~•°*    •°*    •°* ~~~ •°*    •°*     •°*

စုစုပေါင်း အပိုင်း '100´ တိတိပါ၀င်မှာဖြစ်ပြီး စာလုံးရေပေါင်း 3 သိန်းကျော် 4 သိန်းနီးပါး ပါ၀င်တဲ့ ၀တ္ထုရှည်ကြီး တစ်ပုဒ်လဲ ဖြစ်ပါတယ်🤍🤍

❤️ Love & Fortune ❤️Where stories live. Discover now