အကျဉ်းချုပ် အက်ဥ္းခ်ဳပ္

346 13 0
                                    

စာစဉ်နာမည် - (Realms In The Firmament)

မူရင်းရေးသူ - (Feng Ling Tian Xia)

MC နာမည် - ရဲရှောင်

ဘာသာပြန်သူ - ကြွေရွက်ဝါ

မူရင်းအပိုင်းရေ - 2037 (Completed)

◕ ရဲရှောင်ဆိုတာ ချင်းရန်နယ်ပယ်ရဲ့ ဧကရာဇ်တစ်ပါး သူ့ကို ရှောင်ဧကရာဇ်လို့ ခေါ်ကြတယ်။ တခြားသူတွေလို ဂိုဏ်းဖွဲ့ပြီး လူအစုအဖွဲ့နဲ့ မနေဘူး။ ကိုယ်ထင်တာမှန်ရင် ထင်တိုင်းကြဲတတ်တဲ့ တစ်ကိုယ်တော်ဧကရာဇ်တစ်ပါး။ မကောင်းမှုတွေကို ဖယ်ရှားပြီး ကောင်းမှုတွေကို လောကကြီးထဲ သယ်ဆောင်ပေးချင်တဲ့ သူရဲကောင်းတစ်ယောက်။ ဒါပေမယ့် အဲ့ဒီလို သူရဲကောင်းရဲ့ဘဝက စွန့်ပစ်ခံ မိဘမဲ့တစ်ယောက်။ မှီခိုအားထားစရာ ဘယ်သူမှ မရှိတဲ့ဘဝမှာ တစ်ကောင်ကြွက် မျက်နှာမွဲ။ ငယ်စဉ်ကတည်းက ခက်ခဲကြမ်းတမ်းခဲ့တဲ့ သူ့ဘဝ ကျင့်ကြံမှုတွေကိုပဲ အာရုံစိုက်ပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားခဲ့တယ်။ အထီးကျန်ဆန်မှုတွေနဲ့ အသားကျနေခဲ့တဲ့ သူ့ဘဝ ကျင့်ကြံမှုကလွဲ ဘာမှ မရှိခဲ့ဘူး။ ချစ်ခြင်းမေတ္တာဆိုတာဘာလဲ၊ တာဝန်ယူ၊ တာဝန်ခံမှု၊ နိုင်ငံကို ချစ်စိတ် ဘာဆိုဘာမှ နားမလည်ခဲ့ဘူး။ ဧကရာဇ်ဘဝမှာ ယန်ကျင့်စဉ်ကို ကျင့်နေခဲ့ရတော့ မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့ပေမယ့် သက်ပြင်းချရုံမှတစ်ပါး အခြားမရှိခဲ့ဘူး။ သူ့ကိုလည်း မြတ်နိုး သူကလည်း သံယောဇဉ်ရှိတဲ့ မိန်းမလှလေးကိုလည်း ကျင့်နေရတဲ့ ကျင့်စဉ်ကြောင့် မျက်နှာလွဲ ဥပေက္ခာပြုခဲ့ရတဲ့ သူ့ဘဝ အဆုံးသတ်မှာတော့ မိန်းမကျမ်း မကြေတဲ့ ကောင်ကြီးလို့ နာမည်တွင်ခဲ့တယ်။

◕ ဒီလိုနဲ့ မကောင်းမှုကိုဖယ်ရှား ကောင်းမှုကို လိုလားတဲ့ သူရဲကောင်းကြီး ရန်သူတွေဖြစ်တဲ့ အင်အားကြီးဂိုဏ်းကြီးသုံးခုနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ သူ့ဘဝ အဆုံးသတ်မလှခဲ့ဘူး။ မသေခင်မှာ နောင်တစ်ချိန် သူ့ဓားကို ကိုင်စွဲပြီး လက်စားပြန်လာချေမယ့်အကြောင်း သစ္စာဆိုခဲ့တယ်။ ဧကရာဇ်ဘဝမှာ ကျင့်ကြံမှု မြင့်မားခဲ့တော့ သူ့ရဲ့ဝိညာဉ်တော်က မော်တယ်ကမ္ဘာက စစ်နတ်ဘုရားလို့ တင်စားခေါ်ဆိုရလောက်အောင် အစွမ်းထက်တဲ့ စစ်သူကြီးရဲ့သား အသက် (၁၆) နှစ်အရွယ် ရှိတဲ့ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲ ပြန်လည်ဝင်စားခဲ့တယ်။ အဖေက ထူးချွန်ထက်မြက်တဲ့ စစ်နတ်ဘုရားဆိုပေမယ့် သားကတော့ မိန်းမပွေရှုပ် အချိန်တိုင်း သောက်စားမူးယစ်နေတဲ့ ဘာမှသုံးစားမရတဲ့ ကောင်လေးတစ်ယောက်။ ချင်းရန်နယ်ပယ်မှာ ဧကရာဇ်တစ်ပါး ဖြစ်ခဲ့တဲ့ ရှောင်ဧကရာဇ် သူနဲ့ နာမည်တူ ရဲရှောင်ဆိုတဲ့ စစ်သူကြီးရဲ့ သား ဆန်ကုန်မြေလေးရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်စားတော့ ငါးပါးတွေ မှောက်ရော။ အဲ့ဒါတင်မကသေးဘူး စစ်သူကြီးရဲ့သား ပေါင်းတဲ့ သူငယ်ချင်းနှစ်ယောက်လည်း တကယ့်လူရှုပ်လူပွေလေးတွေ။ ဟိတ်ဟန်ကြီးမားခဲ့တဲ့ ရှောင်ဧကရာဇ်ခမျာ အဲ့ဒီသူငယ်ချင်းတွေနဲ့ ဘယ်လို စခန်းသွားမလဲ။ အရင်ရဲရှောင်က အဆိပ်မိပြီး သေခဲ့ရတော့ အဆိပ်ခတ်တာ ဘယ်သူလဲ ဘာကြောင့် စစ်သူကြီးရဲ့ သားကို လုပ်ကြံရတာလဲ။ မေးခွန်းပေါင်းများစွာနဲ့ ခက်ခဲတဲ့ ပုစ္ဆာကြီးတစ်ပုဒ်ကို ရှောင်ဧကရာဇ်က ဘယ်လိုဖြေရှင်းမလဲ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now