Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"

249 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 278

“လေလံခန်းမဖွင့်လှစ်ခြင်း”

ထိုအခါမှသာ လျူချန်းဂျန်လည်း ဝမ်ဇန်းဟိုအား
ခေါင်းမော့ကြည့်လိုက်ကာ -

“အဲဒီတော့ ဘာဖြစ်လဲ . . .”

ဝမ်ဇန်းဟိုသည် ပါးစပ်အဟောင်းသားပင် ဖြစ်သွားသည်။ ဒေါသထွက်လွန်း၍ လဲကျသွားမတတ်ပင် ဖြစ်နေမိသည်။ ထို့ကြောင့် လျူချန်းဂျန်အား ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက်ပင် ထိုးလိုက်ရင်း -

“မင်း . . . မင်း . . . မင်းက တကယ့်ကို အရူးပဲ။ လက်ရှိအခြေအနေကို မင်းနားလည်အောင် ငါဘယ်လိုပြောရမှန်းကို မသိတာ့ဘူး။ မင်းကတော့ တကယ်ကိုပဲကွာ၊ ဒါကိုမှ အရေးမကြီးဘူးဆိုရင် မင်းက ဘယ်ကိစ္စကိုမှ အရေးကြီးတယ် ထင်နေတာလဲ . . .”

“ဂိုဏ်းကြီး ၂ ခုကို ငါတို့ ရင်မဆိုင်နိုင်ဘူးကွ။ အဲ့ဒါတောင် မင်းက ဒီကိစ္စကို အရေးကြီးတယ်လို့ မထင်ဘူးပေါ့”

လျုချန်းဂျန်လည်း ဒေါသအလွန်အကျွံ ထွက်နေသော ဝမ်ဇန်းဟိုအား ကြည့်ရင်း စိတ်မရှည်သည့် ဟန်ဖြင့် -

“အေးလေ၊ အရေးမကြီးဘူး၊ ဘာဖြစ်လို့လဲ . . . ခင်ဗျားက ဘာတွေ ကြောက်နေတာလဲ . . .”

လျုချန်းဂျန်၏ စကားကြောင့် ဝမ်ဇန်းဟိုသည် မျက်လုံးများပင် ပြူးကျယ်သွားကာ -

“ငါက ဘာတွေကြောက်နေတာလဲ ဟုတ်လား . . .”

“ငါတို့ ဂိုဏ်းကြီး ၂ ခုကို သွားပြီး အတိုက်အခံ လုပ်မိရင် နောက်ပိုင်း မင်းနဲ့ငါ ဘာဆက်ဖြစ်မလဲ မင်းသိရဲ့လား၊ သေဆုံးခြင်းရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီး နားလည်သွားကြရမှာကွ။ ငါတို့ရဲ့ခေါင်းတွေ အချိန်မရွေး အဖြတ်ခံရနိုင်တယ်။ နားလည်လား၊ အဲဒါကိုတောင် အရေးကြီးတယ်လို့ မင်းက မထင်ဘူးပေါ့ ဟုတ်လား . . .”

ကရားရေလွတ်ပင် ပြောနေသည့် ဝမ်ဇန်းဟိုအား ကြည့်ရင်း လျူချန်းဂျန်သည် သည်းမခံနိုင်တော့ဘဲ -

“ခင်ဗျားက စောက်ရေးမပါတာတွေ လာပြောနေတာပဲ။ စိုးရိမ်နေလို့ရော ဘာထူးသွားမှာ မို့လို့လဲ။ အဲဒါများ ရေကြီးခွင်ကျယ် လုပ်နေသေးတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now