Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"

243 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 345

“သေသည့်တိုင် တာဝန်ယူမည်”

လျူချန်းဂျန်သည် ဆက်၍ မပြောဝံ့တော့ဘဲ ငြိမ်နေမိသည်။ အကယ်၍ ဆက်ပြောနေမည် ဆိုပါက နင်ဘီလျူကအား စော်ကားရာ ရောက်သွားပေမည်။

နင်ဘီလျူနှင့် ရဲရှောင်တို့သည် လျူချန်းဂျန် ဆိုလိုချင်သည့် အဓိပ္ပါယ်အား ကောင်းစွာ ရိပ်မိနေကြသည်။

ရဲရှောင်သည်လည်း လျူချန်းဂျန်ကဲ့သို့ပင် နင်ဘီလျူ၏ လုပ်ရပ်အပေါ်တွင် နားမလည်နိုင်အောင် ဖြစ်နေမိသည်။

အမှန်တကယ်တွင် ရဲရှောင်သည်လည်း အဆိုပါ မေးခွန်းမျိုးအား မေးချင်နေချင်မိသည်။ အကယ်၍ နင်ဘီလျူသည် အဆိုပါ အသုံးမဝင်သည့် လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အား မတည်တောင်ခဲ့ပါက မုန်တိုင်းအိမ်တော်မှလွဲ၍ နင်ဘီလျူအား မည်သူမျှ အရေးနိမ့်အောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

လုပ်ကြံသတ်ဖြတ်သူများအဖို့ သံယောဇဉ် တွယ်စရာ ရှိမည်ကို အကြောက်ဆုံး ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ရေးဘုရင်ဖြစ်သူ နင်ဘီလျူထံတွင် ထိုကဲ့သို့ သံယောဇဉ် တွယ်စရာများ ရှိနေခြင်း ဖြစ်နိုင်ပေသည်။

နင်ဘီလျူသည် သူ၏ အဖွဲ့အား ဦးဆောင်နိုင်သော အရည်အချင်းမျိုး ရှိသည့်တိုင် အသုံးမဝင်ရုံမျှမက ဒုက္ခပင် ရောက်စေနိုင်သော လုပ်ရပ်အား အဘယ်ကြောင့် ဆက်လုပ်နေပါသနည်း။

နင်ဘီလျူသည် ရဲရှောင်တို့ ၂ ဦး၏ အကြည့်စူးစူးများအား ရင်မဆိုင်ချင်တော့ပေ။ သူ၏ မျက်လုံးများသည်လည်း မှေးမှိန်ဖျော့တော့သွားကာ -

“အဲဒီနှစ်က . . . ငါအသက် ၁၈ နှစ်ပဲ ရှိသေးတယ်။ အနက်ရောင်ဝတ်စုံ ဝတ်ထားကြတဲ့ လူတစ်စု ငါ့မြို့ထဲက လူစွမ်းကောင်းတွေ အကုန်လုံးကို သတ်ဖြတ်သွားခဲ့ကြတယ် . . .”

“အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ကျန်ရစ်ခဲ့ကြတယ် . . .”

“နောက် ၅ နှစ်အတွင်းမှာပဲ အသက်ရှင်ကျန်ရစ်ခဲ့ကြသူ အားလုံးက သူတို့ရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ကြတယ်။ အသက်တော့ ရှင်ပါရဲ့၊ သေတာထက် ဆိုးရွားတဲ့ ဒဏ်တွေကို ခံစားခဲ့ကြရတယ်။ အဲ့ဒီလို ခံစားကြရတာ လူပေါင်း ၃ သောင်းကျော်နီးပါးပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now