Chapter - 212 "သူဘယ်လိုသိ"

296 27 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 212

“သူဘယ်လိုသိ”

ပိုင်ရှင်းယွဲ့မှ -

“အဲဒီအချိန်ကစပြီး ကျွန်မတို့လူတွေလည်း အားဖြည့်ကြာပန်းတွေကို ဟိုတစ်ပင် ဒီတစ်ပင်တော့ ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးက မှင်ရောင်အားဖြည့် ကြာပန်းပင်တွေချည်းပဲ။ ကျောက်စိမ်းအားဖြည့် ကြာပန်းပင်တောင် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဥယျာဉ်ကလည်း ပျက်ဆီးသွားပြီဆိုတော့ ဒီကြာပန်းတွေကို အဆင့်မြင့်အောင် အချိန်တိုအတွင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မှင်ရောင်အားဖြည့် ကြာပန်းတွေ ဖြစ်နေပေမယ့်လည်း တခြားလိုအပ်တဲ့လူတွေအတွက် အသုံးဝင်မှာပဲလေဆိုပြီး သိမ်းထားခဲ့ကြတယ်။ အဲ့ဒါတွေနဲ့ နောင်တစ်ချိန်ပြန်ပြီး အသုံးချနိုင်မယ်ဆို နောက်လူအတွက် အကျိုးရှိမှာပဲ မဟုတ်လား။ အဓိကကတော့ ဒီဂိုဏ်းကြီး အဓွန့်ရှည်နေဖို့အတွက် မျိုးဆက်သစ်တွေကို ဦးစားပေးရတော့မယ်လေ . . .”

“အဲဒါကြောင့် ကျွန်မ မှင်ရောင်အားဖြည့် ကြာပန်းပင်ဆို မသုံးချင်တာပဲ၊ လူတိုင်းကတော့ ကိုယ့်အသက်ကိုယ် နှမြောကြတာပေါ့လေ ဘယ်သူမှတော့ မသေချင်ကြဘူး။ ကျွန်မဆိုလည်း မသေချင်ဘူးလေ။ ဒါပေမယ့် ကျွန်မတို့ ဂိုဏ်းကြီး ပိုအဓွန့်ရှည်စေဖို့ မျိုးဆက်သစ်တွေက ပိုအရေးကြီးပါတယ်လေ။ ဒီလိုမှ မဟုတ်ရင် ရှေ့ဖြစ်ဟောတဲ့ အတိုင်းမဖြစ်ခင် အကုန်ဆုံးရှုံးသွားမှာ စိုးရိမ်ရတယ် . . .”

ရဲရှောင်လည်း ချောင်းဟန့်လိုက်ရင်း-

[အဲ့ဒါနဲ့ပဲ ခင်ဗျားတို့ကိစ္စကို ကျုပ်ခေါင်းပေါ် လွှဲချချင်နေပြီပေါ့။ မဖြစ်ချေဘူး စကားအမြန်ဖြတ်မှပဲ . . .]

ရဲရှောင်သည် ပြုံးလိုက်ရင်း -

“ဒါပေမဲ့ ခင်ဗျားပြောတာတွေက အကြောင်းပြချက် ကောင်းကောင်းတစ်ခု ဖြစ်မယ်ဆိုရင်တောင် ရှေ့ဖြစ်ဟောထဲက အဖြစ်အပျက်ကြီးက မမြန်ဆန်လွန်းနေဘူးလား။ ကျုပ်ကို ရှေ့ဖြစ်ဟောထဲက လူလို့ ခင်ဗျား ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ကျုပ်မှာ ခရမ်းရောင်မီးတောက်ရယ်၊ ရေခဲနဲ့ မီးချီဓာတ်တွေ ရှိနေတာနဲ့ပဲ အဲ့ဒီလိုယူဆရင် ခင်ဗျား မှားသွားမယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားTempat cerita menjadi hidup. Temukan sekarang