Chapter - 257"ဥ၏နေရာ"

255 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 257

“ဥ၏နေရာ”

ရဲရှောင်သည် ယခင် ရှောင်ဧကရာဇ်ဘဝအား မယှဉ်နိုင်သေးသည့်တိုင် ယခုအချိန်တွင်မူ မော်တယ်ကမ္ဘာ၏ အဆင့်မြင့် ပညာရှင်တစ်ဦးဟုပင် မှတ်ယူနိုင်သည့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် မော်တယ်ကမ္ဘာရှိ အဆင့်တူများထက် များစွာ သာလွန်နေပါသေးသည်။

ရဲရှောင်၏ ခေါင်းသည် တစ်စုံတစ်ခုနှင့် တိုက်မိသွားသည့်အတွက် အလွန်အမင်းပင် နာကျင်သွားခဲ့ရသည်။ သို့သော် သူ၏ စိတ်အား တတ်နိုင်သမျှ လျှော့ချလိုက်ရင်း တိုက်မိသည့်အရာအား လှမ်းကြည့်လိုက်သည်။ ရဲရှောင် မြင်တွေ့လိုက်ရသည်မှာ ဥပင် ဖြစ်သည်။

ဥသည်လည်း ရဲရှောင် ဒေါသထွက်နေ၍ ထိတ်လန့်နေသည့် ပုံပင်။ ရဲရှောင် နှင့် ပေ ၃၀ ခန့် ကွာဝေးသည့် နေရာသို့ ရောက်ရှိသွားကာ လေထဲတွင် တုန်ခါ၍ လည်နေလေသည်။

ရဲရှောင်လည်း ယခုကဲ့သို့ လျှပ်တပြတ် အတိုက်ခိုက်ခံလိုက်ရသည့်အတွက် အံ့သြသွားမိရုံသာမက လန့်လည်း လန့်သွားမိခဲ့သည်။

ရှောင်ဧကရာဇ်အား အထိတ်တလန့်ဖြစ်အောင် ပြုလုပ်နိုင်သော အရာသည် များများစားစား မရှိချေ။ သို့သော် ဥဖြင့် တိုက်မိခြင်းကိုမူ ရဲရှောင် အမှန်တကယ်ပင် လန့်မိခဲ့လေသည်။

ထိုဥသည် မူလတာအိုအဆင့် ပညာရှင်ဖြစ်သည့် ဂုဂျင်လုံအား သတ်နိုင်ခဲ့သော ဥဖြစ်သည်။ သာမန်ဥတော့ မဟုတ်ချေ။

ဂုဂျင်လုံ၏ ခေါင်းအား ဥ ဖြင့် ထုရိုက်ခဲ့ပြီး တစစီလုပ်ပစ်ခဲ့သည့် မြင်ကွင်းအား ရဲရှောင်၏ မျက်လုံးထဲတွင် ယခုတိုင် မထွက်သေးပေ။

ယခုအခါတွင်မူ ရဲရှောင်၏ ခေါင်းအား ထို ဥ ဖြင့် ရိုက်မိသွားခဲ့လေသည်။

ရဲရှောင် သူ၏ ခေါင်းအား စမ်းကြည့်လိုက်သောအခါ ရောင်နေသည်ကို တွေ့လိုက်ရသည်။

ထိုမျှလောက်သာ ဖြစ်သွားသည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။

“တောက် . . .”

ရဲရှောင်၏ စိတ်ထဲတွင် ဒေါသအလွန်အမင်း ထွက်သွားခဲ့သည်။ ဆိုးဆိုးဝါးဝါး ဖြစ်မသွားဘဲ ယောင်ရုံသာ ယောင်သွားသည့်အတွက် ကံကောင်းသည်ဟု မိမိကိုယ်ကို မှတ်ယူလိုက်မိသည်။ သူ့အား အနာတရ ဖြစ်အောင် ပြုလုပ်ခဲ့သည့် ဥအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်ရင်း -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now