Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"

275 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter - 241

"အဆင့်တက်အောင်ကူညီစေခြင်း (၁)"

မိန်းမတစ်ယောက်၏ ဂရုအစိုက်ဆုံး အရာသည် ရုပ်ရည် အသွင်အပြင်ပင် ဖြစ်သည်။ ကိုယ်ရည်စစ်၍ သွယ်လျသော ခါးအား ပိုင်ဆိုင်ချင်ကြသည်မှာ မိန်းကလေးတိုင်းလိုလိုပင် ဖြစ်သည်။ ရဲရှောင်သည် ဝမ်ရမ်ချူးချူး၏ ကိုယ်ခန္ဓာအချိုးအစားနှင့် ပက်သက်၍ ပုတ်ခတ်စော်ကားလိုက်သဖြင့် ဝမ်ရမ်ချုးချုးတစ်ယောက်ဒေါသထွက်သွားခြင်း ဖြစ်သည်။

ဝမ်ရမ်ချူးချူးလည်း သည်းမခံနိုင်တော့ဘဲ ရဲရှောင်အား အတင်းဝင်ရောက် တိုက်ခိုက်လျက်ရှိသည်။

တိုက်ခိုက်မှုများသည် လျှပ်စီးကဲ့သို့ လျင်မြန်၍ မုန်တိုင်းကဲ့သို့ ပြင်းထန်လှသည်။ ဝမ်ရမ်ချုးချုးသည် သူ၏ စွမ်းအားများ အကုန်အစင် ထုတ်သုံး၍ ရဲရှောင် ရှောင်တိမ်းခြင်း မပြုနိုင်အောင်ပင် တိုက်ခိုက်နေလေသည်။

တိုက်ပွဲအစတွင် ရဲရှောင်သည် အားကုန်သုံးစရာပင် မလိုဘဲ အလွယ်တကူ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ကောင်းကင်အဆင့်သို့ ခြေတစ်လှမ်း လှမ်းနေပြီးသား လူတစ်ဦး ဖြစ်သည့်အတွက် ယခင်အခေါက်ထက် များစွာ တိုးတက်လာခဲ့သည်။ ထို့ပြင် ဝမ်ရမ်ချူးချူး၏ တိုက်ခိုက်မှုများသည် အားပါပြင်းထန်လှသည့်တိုင် အတွေ့အကြုံ နည်းပါးနေသေးသည့်အတွက် ရဲရှောင်ဘက်မှ မျက်စိမှိတ်၍ပင် ခုခံနိုင်ပေလိမ့်မည်။

ရှောင်ဧကရာဇ်သည် မရေတွက်နိုင်သော တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံ ကြွယ်ဝသူတစ်ဦး ဖြစ်သောကြောင့် ဝမ်ရမ်ချူးချူး၏ တိုက်ကွက်များအား ကြိုတင်၍ပင် မှန်းဆနိုင်နေသည်။

ထို့ပြင် ဝမ်ရမ်ချူးချူးသည် တိမ်မြူခိုးနန်းတော်၏ အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်ဘဲ သာမန်လူငယ်ဂိုဏ်းသား တစ်ဦးသာ ဖြစ်လေသည်။

လေ့ကျင့်ခြင်းသည် တိုးတက်ခြင်းကို ဖြစ်စေသည် ဆိုသည့် စကားအတိုင်း တိုက်ကွက်ချင်း တူနေလျှင်ပင် အသုံးပြုသောသူ၏ အရည်အချင်းပေါ် မူတည်၍ ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့် ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့ နှစ်ဦးတွင် ရဲရှောင်အနေဖြင့် ဝမ်ရမ်ချူးချူးအား ကောင်းစွာ ရင်ဆိုင်နိုင်သော်လည်း ပိုင်ရှင်းယွဲ့ကဲ့သို့ အတွေ့အကြုံများသောလူတစ်ယောက်ကိုမူ ရဲရှောင် အနိုင်တိုက်နိုင်ဦးမည် မဟုတ်သေးပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားDär berättelser lever. Upptäck nu