Chapter - 255"သနားစဖွယ် ဥ"

257 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 255

“သနားစဖွယ် ဥ"

ဝမ်ဇန်းဟိုသည် ရဲရှောင်၏ စကားအား ကြားလိုက်ရသောအခါ တုန်လှုပ်သွားသည့်ဟန်ဖြင့် -

“ကောင်းကင်အခန်းကလူကို ကျုပ်လည်း အခုထိ မတွေ့ရသေးဘူး။ အခန်းကို လာယူသွားတဲ့ လူကတိုကင်ပြားလေး တစ်ခု လာပေးသွားရုံပဲ ရှိတာ . . .”

ရဲရှောင်သည် မဆိုင်းမတွပင် -

“အခန်းလာဦးပြီ ဆိုကတည်းက သူလာမှာ မို့လို့ပေါ့ . . .”

ရဲရှောင်၏ အစီအစဉ်များအား နားမလည်နိုင်အောင် ဖြစ်နေသည့်အတွက် ဝမ်ဇန်းဟိုသည် စိတ်ရှုပ်ထွေးမိသွားသည်။

ထို့ပြင် ကောင်းကင်အခန်းအား ယူသွားသော လျှို့ဝှက်ဆန်းကြယ်လှသည့်လူသည် နောက်တစ်နေ့တွင် ကျင်းပမည့် လေလံပွဲသို့ မပျက်မကွက် တက်ရောက်လိမ့်မည်ဟု ဖန်ဧကရာဇ်မှ အဘယ်အတွက်ကြောင့် ကျိန်းသေပေါက် သိနေသည် ဆိုသည်ကိုလည်း နားမလည်နိုင် ဖြစ်လျက် ရှိသည်။

လင်းပါအိုမှ ကျင်းပမည့် လေလံပွဲသည် အလွန်ကြီးကျယ်ခမ်းနားလှပြီး လေလံဆွဲမည့် ပစ္စည်းများမှာလည်း တန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်သည်။ သို့သော် လင်းပါအိုထက်ပင် ကောင်းကင်အခန်းအား ယူမည့်လူ၏ အရှိန်အဝါသည် လွန်စွာ ကြီးမား၍ လူတိုင်း ဖိန့်ဖိန့်တုန်အောင်ပင် ကြောက်နေရမည့် လူတစ်ဦး ဖြစ်ပေလိမ့်မည်။

ထိုလူ၏ အရှိန်အဝါအား အသုံးချ၍ ဂိုဏ်းကြီး ၂ ဂိုဏ်းနှင့် ရင်ဆိုင်မည်ဟု ဖန်ဇီလင်၏ နှုတ်မှ ပြောနေခြင်းသည် တိမ်မယောင်နှင့်နက်၊ လွယ်မယောင်နှင့်ခက်သည့် အလုပ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ အကယ်၍ အောင်မြင်သွားခဲ့လျှင်လည်း နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်များအား မည်သူမျှ မှန်းဆနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်ဇန်းဟိုသည် ထိုအတွေးများအား သူ၏ စိတ်ထဲတွင်သာ တွေးနေမိခြင်း ဖြစ်ပြီး နှုတ်မှမူ ထုတ်ဖော်၍ မပြောဝံ့ချေ။

“လေလံပွဲကို စီစဉ်ထားတဲ့ အတိုင်းပဲ ကျင်းပကြမယ်။ ဘယ်သူ့ကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ထူးပြီး ဧည့်ခံနေစရာ မလိုဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားTahanan ng mga kuwento. Tumuklas ngayon