Chapter - 338"စဉ်းစားခန်းဝင်ခြင်း"

252 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 338

“စဉ်းစားခန်းဝင်ခြင်း”

ရဲရှောင် ဇုဝူကျီအိမ်မှ မှော်ကျောက်ဖရုံအား ယူဆောင်ခဲ့စဉ်အချိန်က ဇုဝူကျီ၏ အိမ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သောလူများသည် အနန္တရေကန်မှ လူများပင် ဖြစ်နိုင်ပေသည်။

ထိုလူများသည် ရဲရှောင်အား နင်ဘီလျူနှင့် မှားယွင်းခဲ့ပြီး “နင်ဘီလျူ . . . သူတော်စင်က ခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး . . .” ဟု ပြောဆိုခဲ့ဖူးသည်။

သို့သော် ယခုအခါတွင်မူ အနန္တရေကန်မှ လူများသည် ဇုဝူကျီ၏ အိမ်တွင် နေထိုင်နေကြပြန်သည်။

ထိုကိစ္စများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်သည် မည်သို့ ဖြစ်မည်နည်း။ မည်သို့မည်ပုံ ဆက်စပ်နေမည် နည်း။

ဇုအိမ်တော်နှင့် အနန္တရေကန်တို့သည် ဆက်စပ်မှုများ ရှိနေလိမ့်မည်ဟု ရဲရှောင် တွေးနေမိပြန်သည်။

သို့သော် ယခုအချိန်တွင်မူ ထိုကိစ္စအား အဖြေရှာရန် ကောင်းသောအချိန် မဟုတ်သေးချေ။

“အိမ်ရှေ့မင်းသား အိမ်တော်မှာ မူမျိုးနွယ်ကလူတွေ ရှိနေတယ်။ ဒုတိယမင်းသား အိမ်တော်မှာကြ နန်ဂွန်းမျိုးနွယ်၊ တတိယမင်းသား အိမ်မှာတော့ ဂေါင်စွန်းမျိုးနွယ်ကလူတွေ ရှိနေကြတယ် . . .”

“မင်းသား ၃ ပါးလုံးက တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွေ ဖြစ်နေမှာပဲ။ တစ်ယောက်ချင်းဆီက ကျန်တဲ့ ၂ ယောက်ကို သူတို့ရန်သူအဖြစ် မြင်နေလိမ့်မယ်။ ထီးနန်းအတွက် တိုက်ခိုက်ကြဖို့ အသင့်ဖြစ်နေကြမှာပဲ။ အဲဒါကြောင့် မူမျိုးနွယ်က ဟိုမျိုးနွယ် ၂ ခုနဲ့ လုံးဝ မတည့်မှာ သေချာတယ် . . .”

“မျိုးနွယ်စုကြီး ၃ စုလုံးက ရည်ရွယ်ချက်ကိုယ်စီနဲ့ ချန်နိုင်ငံတော်ထဲမှာ ရှိနေကြတယ်။ မျိုးနွယ်စု တစ်စုနဲ့တစ်စု မသင့်မြတ်ဘူး ဆိုတာလည်း သိသာနေတာပဲ . . .”

“နန်ဂွန်းမျိုးနွယ်နဲ့ ဂေါင်စွန်းမျိုးနွယ်ကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တည့်မှာ မဟုတ်ကြဘူး။ ဒါကလည်း သေချာတဲ့ အချက်ပဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now