Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"

262 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 340

“နိုင်ငံရေးနားမလည်သောရဲရှောင်”

ဇုဝူကျီ သက်ပြင်းချလိုက်ရင်း -

“ရှောင်ရှောင် . . . မင်းက နိုင်ငံရေး အခြေအနေတွေ ဘာမှ မသိဘူးကွ။ လင်းပါအိုက နိုင်ငံ့ကောင်းကျိုးအတွက် လုပ်ခဲ့တယ်ဆိုတာ မှန်တယ်။ နိုင်ငံကလည်း လင်းပါအိုကြောင့် အကျိုးအမြတ် ရလိုက်တယ်။ အဲ့ဒီအတွက် သေချာပေါက် ကျေးဇူးတင်သင့်တာပေါ့။ ဒါပေမယ့် လင်းပါအိုသာ ဆက်ပြီး နိုင်ငံအတွက် အကျိုးအမြတ် မရစေတော့ရင်၊ နိုင်ငံအတွက် အတားအဆီးလိုတောင် ဖြစ်လာခဲ့ရင် ချန်နိုင်ငံကလည်း လင်းပါအိုကို ချက်ချင်း မောင်းထုတ်ပစ်မှာပဲကွ။ ဖန်ဇီလင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ငါသေချာ ပြောနိုင်တဲ့ အချက်က ဖန်ဇီလင်က လင်းပါအိုရဲ့ ဧကရာဇ်အဖြစ် အကြာကြီး မရှိနိုင်ဘူး။ ဝမ်ဇန်းဟိုဆိုတာကလည်း နှစ်ထောင်နဲ့ချီ အသက်ရှည်ပြီး အတွေ့အကြုံများတဲ့ လူတစ်ယောက်။ သူ့ကိုလည်း လျော့မတွက်နဲ့နော် . . .”

ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ နှုတ်ဆိတ်သွားသည်။ ဇုဝူကျီ ပြောသမျှ စကားလုံးတိုင်းသည် မှန်ကန်နေသည့်အတွက် သူ့အနေဖြင့် ငြင်းဆန်နိုင်ခြင်း မရှိချေ။

ဇုဝူကျီ ရဲရှောင်အား စိုက်ကြည့်ရင်း -

“အခု လက်ရှိ အခြေအနေအကြောင်း ပြန်သွားရအောင်။ နိုင်ငံအသီးသီးက လုပ်ကြံသတ်ဖြတ်ရေး သမားတွေကလည်း တဖြည်းဖြည်း များလာပြီ။ အမျိုးအစားတွေ ခွဲခြားဖို့ကတော့ မလွယ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါတို့ ဒီလို ပိုင်ခြားပြီး သိအောင် လုပ်လို့ ရတယ်။ ယေဘူယျအားဖြင့် လုပ်ကြံသတ်ဖြတ်ရေးသမား အယောက် ၅ ထောင်ကျော် ချန်ရှင်းမြို့ထဲ ရောက်နေပြီလို့ ပြောကြတယ်။ ဒါပေမယ့် အဲ့ဒီလူတွေကို မြို့ထဲမှာ လိုက်ရှာကြည့်ရင်တော့ တွေ့ရမှာ မဟုတ်ဘူးကွ . . .”

“အမှန်တကယ်က အယောက် ၅ ထောင်ထက်တောင် ပိုသေးတယ် . . .”

“နောက်ပြီး သူတို့အားလုံးက အမိန့်တွေကို စောင့်ဆိုင်းနေကြသလိုပဲ။ ပိုအရေးကြီးတဲ့အချက်က သူတို့တွေက အဖွဲ့နဲ့ လာတဲ့ လူတွေလည်း ရှိသလို တစ်ကိုယ်တော်သမားတွေလည်း ပါတယ်။ ဒီလူတွေ အားလုံးက ပုန်းအောင်းနေကြတယ်။ ဘယ်သူမှ သူတို့ရဲ့ နောက်ကြောင်း ရာဇဝင်ကို မသိကြဘူး။ ဒါပေမယ့် ငါသေချာ ပြောနိုင်တဲ့ အချက်တစ်ချက်က မြို့ထဲကို ဝင်လာနေတဲ့ လူဦးရေက ခါတိုင်း ပုံမှန် အခြေအနေထက်ကို ၂ ဆလောက် ရှိနေတယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားTempat cerita menjadi hidup. Temukan sekarang