Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"

233 25 0
                                    

Chapter (488)

“ဆွေးနွေးမှုပျက်ပြယ်ခြင်း”

ချူးအာပြောသည်မှာလည်း မှန်ပေသည်။ ရဲရှောင်သာ သူမတို့အား ကူညီလိုက်မည် ဆိုပါက ကမ္ဘာကြီးကို ကယ်တင်ရာလည်း ရောက်မည်ဖြစ်သည်။ သို့သော် ထိုသို့ မကူညီဘဲ မုန်တိုင်းအိမ်တော် ဆက်ရှိနေသေးလျှင် ကမ္ဘာကြီးလည်း ငြိမ်းချမ်းရလိမ့်မည် မဟုတ်ပေ။

(ရှင်က ကယ်တင်ရှင်ကြီး ဖြစ်ချင်တာ မဟုတ်လား။ အဲဒီတော့ ကျွန်မတို့ မသွားရင် ရှင်လည်း ကယ်တင်လို့ရမှာ မဟုတ်ဘူးလေ . . .)

ချူးအာ၏ စကားကြောင့်  လင်းဝုရှဲ့စိတ်ထဲတွင် အံ့ဩသွားလေသည်။

(သေစမ်း . . . ဘိုင်ချန်ရဲ့ တပည့် ၂ ယောက်က ဉာဏ်ကောင်းကြမယ်လို့ပဲ ငါထင်ထားတာ၊ ဘယ်လိုဖြစ်ပြီး ဒီလိုစကားမျိုးတွေ ထွက်လာရတာလဲ။ ငါတို့အတူတူ ဖန်ဇီလင်ကို စောင့်ကြည့်ခဲ့ကြပြီးပြီ။ အဲဒါတောင် သူ့ရဲ့ စိတ်သဘောထားကို မသိသေးဘူးလား။ သူက အပြင်ပန်းမှာ ခေါင်းမာချင်သလို ဖြစ်ပေမယ့် အတွင်းစိတ် နူးညံ့တယ်။ သနားလို့ လုပ်ပေးချင်လုပ်ပေးလိမ့်မယ်။ ခြိမ်းခြောက်ရုံနဲ့တော့ ဘယ်တော့မှ သူ့ဆီက အကူအညီရမှာ မဟုတ်ဘူး။ မင်းပြောလိုက်တာ သူ့စိတ်ကို သွားဆွလိုက်သလိုပဲ။ သူက ဉာဏ်အမျှော်အမြင် အရမ်းရှိတဲ့ လူတစ်ယောက်ကွ။ သူ့ကိုငါတို့ မသတ်ဘူးဆိုရင် သူ့ရဲ့ ကလဲ့စားချေမှုတွေကို တစ်လျှောက်လုံး ခံရလိမ့်မယ်။ ငါတို့လည်း သူ့ကို အခုသတ်လို့ရတာ မဟုတ်ဘူး . . .)

(ပိုပြီး အရေးကြီးတဲ့ အချက်က မင်းတို့က သူ့အကူအညီ လိုနေတာလေ။ အဲဒါတောင် သူ့လိုလူကို သွားခြိမ်းခြောက်ရသတဲ့လား။ ဆေးပညာမှာရော အဆိပ်ပညာမှာပါ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေတဲ့ လူတစ်ယောက်ကို သွားခြိမ်းခြောက်တယ်ပေါ့ . . .)

ချူးအာ ထိုသို့ ပြောအပြီး စကားဝိုင်းသည် လုံးဝတိတ်ဆိတ်သွားခဲ့သည်။

ဖန်ဧကရာဇ်လည်း ခေါင်းကိုငုံ့ထားရင်း ဘာမျှ မပြောတော့ချေ။ တစ်ခုခုအား လေးလေးနက်နက် စဉ်းစားနေသည့်ပုံပင်။

စကားဝိုင်းသည် တိတ်ဆိတ်လွန်းလှသည့်အတွက် အပ်ကျသံကိုပင် ကြားနိုင်ပေသည်။ ထိုသို့ တိတ်ဆိတ်သွားသည့် အချိန်သည်လည်း အတော်ကြာသွားခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now