311 - 315

331 19 0
                                    

Chapter – 311
“မတော်တဆ”
ဇုဝူကျီသည် မင်းသားလေး ချန်ဇီအား နေရာအချို့သို့
လိုက်လံပို့ဆောင်ပေးရန် ကြံရွယ်ထားလေသည်။ သို့သော် ထိုနေရာများသည်
ချန်ဇီအဖို့ ပျော်ရွှင်စရာကောင်းလိမ့်မည် မဟုတ်ဘဲ ပျင်းရိဖွယ်အတိပင် ဖြစ်နေ
ပေလိမ့်မည်။ ဇုဝူကျီသည် အဘယ့်အတွက်ကြောင့် ထိုကဲ့သို့ ရွေးချယ်ရသည်
ဆိုသည်မှာ အကယ်၍ ပျော်ရွှင်စရာ ကောင်းသော နေရာများသို့ သွားမိပါက
စိတ်လွတ်ကိုယ်လွတ် ပျော်မိသွားကာ သူ၏ ခံစားချက် အစစ်အမှန်များလည်း
ပေါ်ပေါက်သွားနိုင်သောကြောင့်ပင် ဖြစ်သည်။ လူဆိုသည်မှာ စိတ်ပျော်နေလျှင် ကိုယ်၏ လျှို့ဝှက်ချက်များအား ကိုယ်ကိုယ်တိုင်ပင် အိတ်သွန်ဖာမှောက်
ဖော်ထုတ်မိတတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
ဇုဝူကျီသည် သူငယ်ချင်းဖြစ်သူ ရဲရှောင်နှင့် အေးအေးလူလူ
စကားပြောချင်နေသေးသည်။ ချန်နိုင်ငံတော်နှင့် ပတ်သက်သည့်
အကြောင်းများသာမက မော်တယ်ကမာ္ဘကြီး တစ်ခုလုံးနှင့် သက်ဆိုင်သော
အကြောင်းအရာများ အားလုံးအား ပြောဆိုလိုခြင်းပင် ဖြစ်ပါတော့သည်။
. . .
ရဲရှောင်သည် လန်လန့်လန့်တို့နှင့် လမ်းခွဲပြီးသည်နှင့် မြင်းပေါ်မှ ခပ်သွက်
သွက် ဆင်းလိုက်ကာ အိမ်ထဲသို့ ချက်ချင်း ဝင်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ဆောင်ဂျူလည်း အိမ်ထဲမှ ကမန်းကတမ်း ထွက်လာသည်
့အတွက် တစ်ဦးနှင့်တစ်ဦး တိုက်မိလုနီးပါးပင် ဖြစ်သွားခဲ့သည်။
ရဲရှောင်လည်း ဆောင်ဂျုအား ပြုံး၍ တောင်းပန်စကား ဆိုလိုက်ပြီး
ချက်ချင်းပင် အထဲဝင်သွားလေသည်။
ဆောင်ဂျု ရဲရှောင်အား ကြည့်ရင်း စိတ်ရှုပ်သွားမိသည်။
(ဘာဖြစ်တာလဲဟ၊ ဘာလို့ ဒီလောက်ထိ အလျင်လိုနေရတာလဲ။ ဖင်မှာ
မီးစွဲနေသလိုပဲ ဘာလို့ အမြန် ပြေးနေရတာလဲ . . .)
အမှန်တကယ်တွင် ရဲရှောင်သည် ဖင်တွင် မီးစွဲနေသည့် အခြေအနေထက်
ဆိုးနေသည်ကို ဆောင်ဂျုတစ်ယောက် မသိချေ။
ရဲရှောင်၏ ဟင်းလင်းပြင်ကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်မတတ်ပင်
ဖြစ်နေပြီ ဖြစ်သည်။
လူတစ်ယောက်၏ အစာအိမ်နှင့် နှိုင်းယှဉ်ပြရမည်ဆိုလျှင် သတ်မှတ်ထား
သော ပမာဏထက် ပို၍ အစားများစွာ စားလိုက်မိပါက ဗိုက်တင်းသွားပေလိမ်
့မည်။ ထိုထက်ပို၍ စားမိပါက အန်ထွက်သွားနိုင် ပေသည်။ ထိုထက်မက
ထပ်စားလိုက်ပါက ပေါက်ထွက်သွားမည်သာ ဖြစ်သည်။
ရဲရှောင်သည် ၁၀ ဘီလီယံခန့် တန်ကြေးရှိသော ပစ္စည်းမျိုးစုံအား
ဟင်းလင်းပြင်ကြီး အတွင်းသို့ ထည့်သွင်းခဲ့မိသည်။ အမှန်တကယ်တွင်မူ
ဟင်းလင်းပြင်ကြီး ပေါက်ကွဲလုနီးပါး ဖြစ်နေရသည့်အကြောင်း အရင်းမှာ ထိုများပြားလွန်းလှသော ပစ္စည်းများကြောင့်တော့ မဟုတ်သေးချေ။
ထိုထက်မကပင် ထည့်၍ ရနိုင်သေးပေသည်။ ဟင်းလင်းပြင်ကြီးထဲသို့
ထည့်သွင်းလိုက်သည့် ပစ္စည်းများသည် သက်ဆိုင်ရာ ဟင်းလင်းပြင် ၉
ခုအတွင်းသို့ ခွဲ၍ ဝင်သွားမည် ဖြစ်သဖြင့် စိုးရိမ်စရာတော့ မရှိပေ။
ထိုသို့ဆိုလျှင် ဟင်လင်းပြင်ကြီး ပေါက်ကွဲထွက်မတတ် ဖြစ်နေရသည့်
အကြောင်းရင်းမှာ အဘယ်သို့နည်း။
ပစ္စည်းများ များစွာ ထည့်လိုက်ခြင်းနှင့် အနည်းငယ် သက်ဆိုင်နေသော်
လည်း တကယ့်လက်တွေ့တွင် မူ မရဏကျောက်တုံးမှ မတော်တဆမှု
ဖြစ်သွားခြင်း ကြောင့်ပင် ဖြစ်သည်။ ထိုကျောက်တုံးသည် ရဲရှောင်အား အမြဲတ
စေပင် ဒုက္ခပေးလေ့ ရှိလေသည်။
ပစ္စည်းများစွာ ထည့်သွင်းလိုက်သောအခါ ထိုပစ္စည်းများမှ
စွမ်းအင်အချို့သည် မရဏကျောက်တုံး အား လွှမ်းမိုးသွားသည်။ ထိုအခါ
ဟင်းလင်းပြင်ကြီးသည် မျှခြေအခြေအနေတွင် မရှိတော့ချေ။
အချိန်ကြာလာသည်နှင့်အမျှ အေးစက်သော ရေခဲချီဓာတ်များသည်
ဟင်းလင်းပြင်အတွင်း ပြည့်နှက်လာခဲ့သည်။ ထို့သို့ ရေခဲချီဓာတ်များ
များပြားလာခြင်းသည် ရဲရှောင်အတွက် အကျိုးရှိသော်လည်း မြန်မြန်ဆန်ဆန်
ဖြင့် ချေဖျက် သန့်စင်နိုင်စွမ်း မရှိပါက အသက်အန္တရာယ်ကို
ခြိမ်းခြောက်လာနိုင်သည်အထိ ဒုက္ခရောက်စေနိုင်လေသည်။
အကျိုးရှိသည့်တိုင် အသက်အန္တရာယ်နှင့် နီးကပ်နေသဖြင့် အခြေအနေ
တော့ သိပ်မကောင်းလှပေ။
မရဏကျောက်တုံးကြောင့် တစ်စုံတစ်ခုဖြစ်တိုင်း အရေးပေါ်
အခြေအနေချည်းသာ ဖြစ်သည်။ အကယ်၍ အချိန်မီ မဖြေရှင်းနိုင်ခဲ့ပါက
ဆိုးရွားသော အကျိုးဆက်များသာ ဖြစ်လာစေနိုင်သည်။
နာရီဝက်ခန့် နောက်ကျသွားလျှင်ပင် သစ်သားဟင်းလင်းပြင် အတွင်း
ပိုမိုဆိုးရွားသွားမည် ဖြစ်သည်။
သစ်သားဟင်းလင်းပြင်သည် အသက်ဓာတ်များဖြင့် ပြည့်နေပြီး
အထိအခိုက် မခံသော နေရာတစ်ခုလည်း ဖြစ်သည်။ ရဲရှောင်သည် ပစ္စည်းများအား ဟင်းလင်းပြင်အတွင်း ပစ်ထည့်ခဲ့သည်။
ထိုပစ္စည်းများသည် စွမ်းအင် အမျိုးအမည် စုံလင်လှသဖြင့်
မရဏကျောက်တုံးလည်း ဖောက်လွဲဖောက်ပြန် ဖြစ်သွားသည့်ပုံပင်။
ရဲရှောင် အခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ပိုင်အာအား ပြုံးရုံသာ
ပြုံးပြနိုင်လိုက်သည်။ ထို့နောက် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်၍ ဟင်းလင်းပြင်
အခြေအနေအား ထိန်းညှိရန် ကြိုးစားလိုက်သည်။
ရဲရှောင် ဟင်းလင်းပြင်အား စစ်ဆေးကြည့်လိုက်သောအခါ
အခြေအနေသည် အင်မတန် ဆိုးရွားနေသည်ကို တွေ့လိုက်ရသည်။
ယခင်အခြေအနေများထက်ပင် ပိုမို ဆိုးရွားနေခြင်း ဖြစ်သည်။ ရဲရှောင်လည်း
သူ၏ ကျင့်စဉ်များကို အသုံးပြု၍ ရေခဲချီဓာတ်များအား ထိန်းချုပ်ရန်
ကြိုးစားလိုက်သည်။
ရဲရှောင်သည် ယခုအချိန်တွင် ထိုကိစ္စမှလွဲ၍ အခြားအရာများအား
စိတ်မဝင်စားနိုင်တော့ချေ။
ဟင်းလင်းပြင်အတွင်းသို့ ရဲရှောင် ဝင်ရောက်သွားသောအခါ
ရေခဲခန်းတစ်ခုအတွင်း ဝင်လိုက်ရသည့်အလား ခံစားလိုက်ရသည်။
ယခင်အခေါက်များတွင် မရဏကျောက်တုံးနှင့် ပက်သက်သည့်
ပြသာနာများအား ဖြေရှင်းစဉ်တွင် သူတစ်ဦးတည်းသာ ဖြေရှင်းခဲ့ရသည်။
သို့သော် ယခုအခါအခါတွင်မူ သူ၏ ခပ်လှမ်းလှမ်း၌ ပိုင်အာလည်း
အတူရှိနေလေသည်။ ပိုင်အာသည်လည်း အေးစက်မှုဒဏ်အား ခံစားနေရသည်။
ထို့ကြောင့် တုန်ယင်သော အသံဖြင့် -
“ဘာလို့ ဒီလောက်ထိ အေးနေရတာလဲ၊ အစ်ကိုကြီးရှောင်၊
နေကောင်းရဲ့လား . . .”
ပိုင်အာအဖို့ အေးစက်မှုအား တောင့်ခံနိုင်ရန် အတော်လေးပင်
ခက်ခဲနေလေသည်။ ရဲရှောင်အပေါ် စိုးရိမ်နေသည့် စိတ် ကြီးစိုးနေ၍သာ
အနည်းငယ် တောင့်ခံနိုင်နေခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အေးစက်မှုဒဏ

ကြောင့် လဲကျသွားနိုင်လေသည်။ သို့သော် ခဏအကြာတွင် အေးစက်မှု
ဝေဒနာအား ခံနိုင်ရည်ရှိလာပြီး သက်တောင့်သက်သာ ဖြစ်သွားသလိုပင် ပိုင်
အာ ခံစားလိုက်ရသည်။ ပိုင်အာအနေဖြင့် ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်ဘဲ ရဲရှောင်၏
အခြေအနေကိုသာ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေမိသည်။
ရဲရှောင်၏ နဖူးအား စိုးရိမ်စိတ်ဖြင့် စမ်းကြည့်လိုက်မိသည်။ ထိုအခါ
နဖူးတစ်ခုလုံး အေးစက်နေသည့်အတွက် သူ၏ လက်ပင် ထုံကျင်သွားမတတ်
ခံစားလိုက်ရသည်။ စိတ်ထဲတွင်လည်း အံ့သြသွားလေသည်။
“ဘယ်လိုဖြစ်တာလဲ၊ ဘာလို့ ဒီလောက်ထိ အေးစက်နေရတာလဲ . . .”
ရဲရှောင်၏ နဖူး ရေခဲကဲ့သို့ပင် အေးစက်နေသဖြင့် ပိုင်အာ စိုးရိမ်
သွားမိသည်။ ထို့အတွက်ကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြင့်ပင် ဖြစ်သွားကာ
ရှေ့နောက် လျှောက်နေလျက် ရှိသည်။
“ငါနေမကောင်းတုန်းကဆို အစ်ကိုကြီးရှောင်က အမြဲတမ်း သူ့ရဲ့
ချီဓာတ်တွေနဲ့ သက်သာအောင် လုပ်ပေးခဲ့တယ်။ အခု ငါ့မှာ ချီဓာတ်တွေ
အများကြီး မရှိသေးဘူး ဆိုပေမယ့် နည်းနည်းတော့ အကူအညီ
ဖြစ်မယ်ထင်တယ်။ ငါ့စွမ်းအားတွေနဲ့ အစ်ကိုကြီးရှောင်ကို သက်သာအောင်
ကူညီပေးရမယ် . . .”
ထိုသို့ စဉ်းစားလိုက်မိသည်နှင့် ပိုင်အာသည် အကောင်အထည်ဖော်ရန်
ကြိုးစားပါတော့သည်။ သူမ၏ လက်များဖြင့် ရဲရှောင်အား ဖက်ထား၍
နွေးထွေးစေလိုက်သည်။ ထိုကဲ့သို့ အနေအထားမျိုး နေမှသာ ရဲရှောင်၏
စွမ်းအင်သိုလှောင်ရာနှင့် နောက်ကျောသို့ သူ၏ လက်ဖြင့် မီနိုင်မည် ဖြစ်သည်။
ပိုင်အာ၏ လက်နှစ်ဖက်ဖြင့် ထိလိုက်သောအခါ ရဲရှောင်နှင့် ခန္ဓာကိုယ်ချင်း
ပူးကပ်မတတ်ပင် ဖြစ်သွားသည်။
ယခုအခါ ပိုင်အာသည် အဆင်သင့် ဖြစ်နေချေပြီ။ ရဲရှောင်၏
ခန္ဓာကိုယ်သည်လည်း ယခင်ကထက်ပင် ပို၍ အေးစက်လာသည်ကို
ခံစားမိလိုက်ရသည်။ ထို့ကြောင့် ပိုင်အာလည်း အံကိုတင်းတင်းကြိတ်လိုက်ကာ
သူ၏ စွမ်းအင် အကုန်အစင်အား ရဲရှောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းေ
ပးလိုက်ပါတော့သည်။
ဟင်းလင်းပြင်အတွင်းတွင် ရဲရှောင်သည် ရေခဲချီဓာတ်များနှင့်
အပြင်းအထန် ရင်ဆိုင်နေရသည်။ ယခုအကြိမ် ရေခဲချီဓာတ် ပေါက်ကွဲမှုသည် အင်မတန်ပင်
ကြီးမားလှသည်။
အတွေ့အကြုံ ရှိနေသည့်တိုင် ယခုအခေါက် ပေါက်ကွဲမှုသည် စွမ်းအား
ပြင်းလွန်းလှသဖြင့် ရှိသမျှ ကျင့်စဉ်နည်းလမ်းများအပြင် သူ၏ စွမ်းအင်များကိုပါ
အသုံးပြုနေရသည်။ သို့သော် ပေါက်ကွဲမှု အရှိန်အား မထိန်းချုပ်နိုင်သေးပေ။
အချိန်ကြာလာသည်နှင့်အမျှ ရေခဲချီဓာတ်များ တဖြည်းဖြည်း
လျော့နည်းသွားရန်သာ မျှော်လင့်နေမိလေသည်။
ရေခဲချီဓာတ်များ ရဲရှောင်၏ ခန္ဓာကိုယ် အပြင်သို့ ထွက်သွားသောအခါ
အနည်းငယ် သက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။
မရဏကျောက်တုံးမှ စွမ်းအင်ပေါက်ကွဲမှုသည် ရဲရှောင်၏ ကိုယ်ထဲတွင်
ဗြောင်းဆန်နေလျက် ရှိသည်။
ထိုအချိန်တွင် ပိုင်အာ၏ အားနည်းသည့် ချီဓာတ်အချို့သည် ရဲရှောင်၏
သွေးကြောများအတွင်း ဝင်ရောက်လာကြသည်။
အမှန်တကယ်တွင်မူ ပိုင်အာသည် သူ၏ အားအကုန်အစင်ပင်
အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် အလွန်အားနည်းနေသေးသဖြင့်
ရေခဲချီဓာတ်များ ထိန်းချုပ်ရင်း အလုပ်ရှုပ်နေသော ရဲရှောင်သည်
သတိမပြုမိခဲ့ချေ။ သို့ရာတွင် ပိုင်အာ၏ ချီဓာတ်အမျှင်တန်းလေး
ဝင်လာသောအခါ ရေခဲချီဓာတ်များသည် ထိုချီဓာတ် အမျှင်အတန်း
ဝင်လာရာသို့ ရုတ်တရက်တဟုန်ထိုး တိုးထွက်သွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအမျှင်တန်း လာရာလမ်းမှတဆင့် ပိုင်အာ၏
ခန္ဓာကိုယ်တွင်းသို့ ရေခဲချီဓာတ်များသည် ဒီရေအလား တိုးဝင်သွားကြသည်။
"အ . . ."
ပိုင်အာ၏ ပါးစပ်မှ ညည်းညူသံသဲ့သဲ့ ထွက်ပေါ်သွားသည်။ ထို့ပြင် သူမ၏
ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲမတတ်ပင် ခံစားလိုက်ရသည်။
အကူအညီတောင်းခံရန် အော်ဟစ်ချင်နေမိသည့်တိုင် သူမ၏ ပါးစပ်အား ဟ၍
မရတော့ချေ။ အေးစက်သော ရေခဲချီဓာတ်များသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား
ထိန်းချုပ်သွားသလိုပင် ဖြစ်သွားလေသည်။
သို့သော် ထိုအခြေအနေများကိုမူ ရဲရှောင် သတိမပြုမိပင်
ဖြစ်နေပ ါ တော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now