Chapter - 266"ပထမတိုက်ကွက်"

227 16 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 266

“ပထမတိုက်ကွက်”

“မင်းကို ချီးမွမ်းတယ် ဟုတ်လား . . . မင်းကတော့ သေချင်နေပြီထင်တယ် ဖန်ဇီလင်။ အမှန်တကယ် မင်းလုပ်ရမှာက ငါ့ကို သေမတတ် တောင်းပန်နေရမှာကွ . . .”

နန်ရှန်ဆင်းသည် ဒေါသတကြီးဖြင့်ပင် ပြောလိုက်သည်။

ရဲရှောင်လည်း ခနဲ့သော အသံဖြင့် -

“ဪ . . . ဟုတ်လား၊ ငါလည်းမသိဘူးလေ။ ဒီလောက်ထိ အရှက်မရှိ၊ ယုတ်မာကောက်ကျစ်တဲ့ မျိုးမစစ်တစ်ကောင်ကို ငါက တောင်းပန်ရမှာတဲ့လား။ မင်းပြောတာက အဓိပ္ပါယ် မရှိလိုက်တာ . . .”

“ငါပြောတာတွေက မမှားလောက်ပါဘူး။ အနည်းဆုံးတော့ ငါ့နှလုံးသားထဲမှာ ငါ့နိုင်ငံ၊ ငါ့အမိမြေကို ချစ်မြတ်နိုးတဲ့စိတ် ရှိသေးတယ်။ မင်းလိုမျိုး ခွေးတောင်မလုပ်တဲ့ ဒီလို အလုပ်မျိုးတွေကို လုပ်မှာမဟုတ်ဘူး . . .”

ရဲရှောင်၏ စကားသံအဆုံးတွင် နန်ရှန်ဆင်းသည် ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ အော်သံကြောင့် မြေပြင်ပင် တစ်ချက် တုန်ခါသွားခဲ့သည်။

ရဲရှောင်မှာမူ ဒေါသကြောင့် ကမ္ဘာပျက်နေသော နန်ရှန်ဆင်းအား မခိုးမခန့်ပင် ကြည့်ရင်း စိတ်ထဲတွင် တွေးနေမိသည်။

(ဒီမျိုးမစစ်ကောင်က ငါ့ကို မသတ်လောက်ပါဘူး။ ငါက သူ့အတွက် ရွှေတွင်းပဲလေ။ ဒါပေမယ့် အခုတော့ သည်းမခံနိုင်တော့ဘူး ထင်တယ် . . .)

နန်ရှန်ဆင်းသည် ခက်ထန်သော မျက်နှာပေးဖြင့် ရဲရှောင်အားကြည့်လျက် -

“ဖန်ဧကရာဇ် . . . မင်းကို ငါက ဝိုင်ခွက်နှစ်ခွက်ပေးပြီး ရွေးချယ်ခိုင်းနေတာ။ တစ်ခွက်က မိတ်ဆွေဖြစ်စေမယ့်ခွက် နောက်တစ်ခွက်က အပြစ်ပေးခံရမယ့်ခွက်။ ဒီလောက် လွယ်တာ ရွေးခိုင်းနေတာတောင် မင်းက ခက်အောင် လုပ်နေတာပဲ . . .”

ရဲရှောင်လည်း ခပ်တည်တည် မျက်နှာထားဖြင့် မဆိုင်းမတွပင် -

“ဘယ်ခွက်ပဲဖြစ်ဖြစ် ဝိုင်ကတော့ ဝိုင်ပဲ မဟုတ်လား . . .”

“ဘယ်ဝိုင်ပဲဖြစ်ဖြစ် ငါ့ကို မူးယစ်ရီဝေစေမှာပဲလေ။ မင်းအဖေကရော ဘယ်လိုဝိုင်မျိုးကို ကြိုက်တတ်လဲ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now