Chapter (410)"တစ်ချက်တည်းဖြင့်"

204 20 0
                                    

Chapter (410)

“တစ်ချက်တည်းဖြင့်”

ဂျိမိန်ဇန် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် အသံဖြင့် -

“ခင်ဗျားက ဘယ်လိုထင်လို့လဲ အစ်ကိုကျောင်း။ ဘာလို့ရယ်နေတာလဲ . . .”

အစ်ကိုကျောင်းဟု ခေါ်သော လူသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးဖြင့်‌ အေးစက်စက်မျက်နှာထားမျိုး ရှိသည်။ သူ၏ပုံစံမှာ တစ်ကိုယ်တည်း သီးသန့် နေတတ်ဟန်ရှိပြီး လူများနှင့် ရောရောနှောနှော နေလေ့ရှိသည့်ပုံ မပေါ်ချေ။

ထိုလူ၏ မျက်လုံးများသည် သမုဒ္ဒရာကဲ့သို့ပင် နက်ရှိုင်းလှသည်။

ဂျိမိန်ဇန်၏ စကားအား ကြားသောအခါ အကိုကျောင်းဆိုသူသည် ခနဲ့တဲ့တဲ့ မျက်နှာထားမျိုးဖြင့် -

“သေချာလေ့လာကြည့်ကြပါဦး . . .”

မုတ်ဆိတ်မွှေးရှည်ရှည်နှင့် လူတစ်ယောက်မှ အလိုမကျသည့်ဟန်ဖြင့် -

“အစ်ကိုကျောင်း . . . ခင်ဗျားက ကျုပ်တို့ မှားနေတယ်လို့ ထင်နေတာလား။ ခင်ဗျား အမြင်က ဘယ်လို ရှိနေလို့လဲ . . .”

အစ်ကိုကျောင်းသည် ထိုလူအား လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများသည် မည်သည့် အရာကိုမျှ ကြည့်နေခြင်း မရှိသည့် ပုံမျိုးဖြင့် ရီဝေဝေဖြစ်လျက် ရှိသည်။ ထို့နောက် တိုးညှင်းသော အသံဖြင့် -

“ချင်ဝုကတော့ သေမှာ သေချာပေါက်ပဲ။ တစ်ချက်တည်းနဲ့ကို သေရလိမ့်မယ် . . .”

"ဘာရယ် . . . ခင်ဗျား ဘာပြောလိုက်တာလဲ အကိုကျောင်း . . ."

ဂျိမိန်ဇန်သည် သူ၏ နားသူ မယုံနိုင်သဖြင့် ထပ်မေးလိုက်သည်။ သို့သော် အစ်ကိုကျောင်း ဆိုသူသည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

ဂျိမိန်ဇန်၏ စိတ်ထဲတွင် တွေဝေသွားမိသည်။ အဘယ့်ကြောင့်ဆိုသော် အစ်ကိုကျောင်း ဆိုသည်မှာ သာမန်တော့ မဟုတ်ပေ။ မော်တယ်ကမ္ဘာ၏ ထိပ်သီးပညာရှင်တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော လူမျိုး၏ စကားအား ပစ်ပယ်၍တော့ မရနိုင်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now