Chapter - 354"အရက်သောက်ကြခြင်း"

226 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 354

“အရက်သောက်ကြခြင်း”

ရဲရှောင်ဘက်မှ အရာရာတွင် အသာစီး ရခဲ့သည့် အနေအထားမျိုး ရရှိခဲ့သည်။ တစ်ဖက် ရန်သူများနှင့် စကားပြောခဲ့သည့် အချိန်တွင် အေးဆေးတည်ငြိမ်စွာ ပြောဆိုနိုင်ခဲ့ပြီး မခံချင် ဖြစ်လာစေရန်ပင် လုပ်ဆောင်နိုင်ခဲ့သည်။ မိမိကိုယ်ကို အလွန်ယုံကြည်ချက် ရှိနေသည့် ပုံစံမျိုးနှင့်ပင် ရန်သူများအား ဆက်ဆံခဲ့သည်။

သို့သော် မည်သူမျှ ရဲရှောင် အစွမ်းကုန် ထုတ်သုံးနေရခြင်း ဖြစ်သည်ကို မသိကြချေ။

ရဲရှောင်သည် တော်ဝင်အိမ်တော် အနားသို့ ရောက်သည့် အချိန်တွင် အားကုန်နေပြီ ဖြစ်သည်။ အမြန်ဆုံး နားခိုနိုင်မည့် နေရာအား မဖြစ်မနေ ရှာရတော့ပေမည်။

သေလုမြောပါး ပြေးလွှားခဲ့ပြီးနောက် ကောင်းကင်အဆင့် ၃ နှင့် အဆင့် ၉ တို့ကြားမှ ကွာခြားချက် အား ပို၍ သိသွားခဲ့သည်။

ရယ်မောခြင်းကောင်းကင် ကျင့်စဉ်နှင့် ပတ်သက်၍ အမြဲလိုလို ဂုဏ်ယူခဲ့ရသော်လည်း ယခုကဲ့သို့ ရှက်ဖွယ် အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ရဲရှောင် မထင်ထားခဲ့မိချေ။ ရန်သူမှ သူ၏ နောက်သို့ လိုက်လာနိုင်ခဲ့သည် မဟုတ်ပါလော။

အစပိုင်းတွင် ရဲရှောင်သည် ရန်သူများအား နေရာတစ်ခုသို့ မရောက်ရောက်အောင် မျှားခေါ်သွားမည်ဟု စီစဉ်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ မျှားခေါ်စရာပင် မလိုဘဲ နောက်မှ ထပ်ကြပ်မခွာ လိုက်ပါလာခဲ့ကြသည်။

အမတ်ကြီးဇူ၏ အိမ်တော်သို့ ခေါ်ဆောင်သွားရန်မှာ ရဲရှောင်၏ တာဝန်ဖြစ်သည်။ ထိုနေရာသည် သူ၏ တာဝန် အဆုံးသတ်ရာ နေရာလည်း ဖြစ်သည်။

ထောင့်တစ်နေရာတွင် ရဲရှောင်သည် အသက်ကိုပင် မနည်းရှူနေရပြီး အလွန်မောဟိုက် ပင်ပန်းလျက် ရှိသည်။ အားရပါးရ အသက်ရှူ၍ ထိုင်ချချင်နေမိသည့်တိုင် မလုပ်နိုင်သေးချေ။

သူ၏ လက်များ ခြေထောက်များသည်လည်း တုန်ယေင်နေလျက် ရှိပြီး ခေါင်းထဲတွင်လည်း မူးနောက်နောက် ဖြစ်နေခဲ့သည်။ သို့သော် မလှုပ်ရှားရဲသေးဘဲ ထိုအတိုင်းသာ ငြိမ်နေရလေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now