Chapter - 370"ဆရာနင်"

230 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 370

“ဆရာနင်”

လျူချန်းဂျန် ရယ်မောလိုက်သည့် အခါတိုင်း ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပို၍ နာကျင်သွားလေသည်။ ထို့ကြောင့် ခပ်ဖြည်းဖြည်းပင် ရယ်မောလိုက်ရင်း -

“သေစမ်း . . . ဝမ် . . . ခင်ဗျားက တကယ့်ကို ပါရမီရှင်ပါလား။ ဟားဟား . . . တော်တော်ကို ခံရခက်မှာပဲနော် . . .”

ဝမ်ဇန်းဟိုသည် တစ်ချက်ဝေ့ကြည့်လိုက်ရင်း ကြောင်ငေးသွားသည်။ ရဲရှောင်တို့ ရယ်မောနေရသည့် အကြောင်းရင်းကိုလည်း နားလည်သွားလေသည်။ မိမိ၏ အဖြစ်အား အနည်းငယ် ရှက်ရွံ့မိသွားသော်လည်း ထွေထွေထူးထူးတော့ မခံစားရတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ နှစ်ထောင်ချီ နေထိုင်ခဲ့သူတစ်ဦးပီပီ ထိုခံစားမှုအား အရည်ထူနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်တို့နှင့်အတူ ဝမ်ဇန်းဟိုကိုယ်တိုင်ပါ လိုက်လံရယ်မောလိုက်ရင်း လူစိမ်းတစ်ဦး ဖြစ်သော နင်ဘီလျူအား လက်ညှိုးထိုးပြလိုက်ကာ -

“သူက ဘယ်သူများလဲ . . .”

နင်ဘီလျူလည်း ဟက်ဟက်ပက်ပက်ပင် ရယ်မောလျက် ရှိသည်။ ပေါ့ပေါ့ပါးပါးပင် ဖြစ်နေသော သူ၏ ပုံစံသည် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦးနှင့် စိုးစဉ်းမျှ မတူချေ။

ဝမ်ဇန်းဟိုသည် နင်ဘီလျူအား ရဲရှောင်တို့ သိမ်းသွင်း ခေါ်ဆောင်လာသည့် သာမန်လူတစ်ဦးဟုပင် ထင်မှတ်ထားသဖြင့် အမှုမထားဘဲ ရှိနေခဲ့သည်။

သူ့ထံသို့ လူသစ်လေးတစ်ဦး ခေါ်ဆောင်လာသည်ဟုသာ ထင်မှတ်ထားခဲ့မိသည်။

လျူချန်းဂျန်မှ နင်ဘီလျူအား ညွှန်ပြရင်း -

“သူကတော့ ဆရာနင်ပါ . . .”

ဝမ်ဇန်းဟို ခေါင်းညိတ်ပြလိုက်ရင်း စိတ်ထဲတွင်လည်း နင်ဘီလျူအား အကဲခတ်နေမိသည်။

(ဆရာနင်တဲ့လား . . . ကြည့်ရတာ သူက တော်ဝင်အိမ်တော်က ထင်တယ်။ ချန်နိုင်ငံတော်ရဲ့ မင်းမှုထမ်း တစ်ယောက်များလား . . .)

အလွန်ကြွယ်ဝချမ်းသာလှသည့် ဝမ်သည် တော်ဝင်အိမ်တော်အား စာရင်းထဲ ထည့်လေ့ မရှိချေ။ အထူးသဖြင့် ချန်နိုင်ငံတော်၏ မင်းမှုထမ်းဆိုလျှင် ပို၍ပင် အထင်မကြီးတတ်ပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now