Chapter (425)"နည်းလမ်းနှစ်ခု"

219 21 0
                                    

Chapter (425)
“နည်းလမ်းနှစ်ခု”

ကျောင်းဖင်းရှန်မှာ မထချေ။ ဒူးထောက်လျက်ပင် မလှုပ်မယှက် ရှိနေလေသည်။

“ဖန်ဧကရာဇ် . . . ကျုပ်ကို ဒီတစ်ခုလေးပဲ မျက်နှာသာပေးပါ။ ကျုပ်သာ ယုအာကို တွေ့ခွင့်ရရင် ကျုပ်ရဲ့ ကျန်ဘဝတစ်လျှောက်လုံး ခင်ဗျားအတွက် ကျွန်ခံဆိုလည်း ခံပါ့မယ် . . .”

ရဲရှောင် သက်ပြင်းသာ ချလိုက်မိသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ကာ -

“အမှန်တိုင်း ပြောရရင် ကျုပ်ယုအာကို မြင်နိုင်နေတယ်ဆိုတာ ကျုပ်ရဲ့ မွေးရာပါ အစွမ်းအစ ကြောင့်ပါ။ ဘာထူးခြား ကျင့်စဉ်မှလည်း သုံးထားတာ မဟုတ်ပါဘူး။ ခင်ဗျားကို အခုနေ သူ့ကိုမြင်အောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို ကျုပ်ဖြင့် မစဉ်းစားတတ်သေးဘူး။ ဒါပေမယ့် ကျုပ်အကောင်းဆုံး ကြိုးစားကြည့်ပေးပါ့မယ်။ ခင်ဗျား အရင်ထလိုက်ပါဗျာ၊ အချိန်ကြာမှာဗျ။ ဘယ်လောက် ခက်ခဲနိုင်မလဲ ဆိုတာ ခင်ဗျားလည်း သိမှာပါ။ ယင်နဲ့ယန်ဆိုတာ ဆန့်ကျင်ဘက် အရာနှစ်ခုပဲ။ သဘာဝတရားကြီးလည်း ဖြစ်တယ်။ ဘယ်သူမှ လွယ်လွယ်ကူကူ သဘာဝကို မချိုးဖျက်နိုင်ဘူး။ ဒါပေမယ့် ကျုပ်သူ့ကို မြင်နိုင်နေတယ် ဆိုကတည်းက ဖြေရှင်းနိုင်မယ့် နည်းလမ်းတော့ ရှိမှာပါ။ ဒီနည်းလမ်းတစ်ခုခုကို ကျုပ်တို့ တွေ့တာနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ပြီလေ။ အချိန်တော့ လိုတာပေါ့ . . .”

“ဒါပေမယ့် ခင်ဗျားက သူ့ကို မနေနိုင်လောက်တော့အောင် မြင်ချင်နေပြီ ဆိုရင်တော့ ကျုပ်အခုနေ မကူညီနိုင်လောက်သေးဘူး။ ခင်ဗျားကျုပ်ကို အချိန်နည်းနည်းပေးမှ ဖြစ်မယ်။ တကယ်တော့ သေချာ စဉ်းစားကြည့်ရင် ယုအာက ဒီလိုပုံစံနဲ့ နှစ်ပေါင်းများစွာ မပျောက်ကွယ်သွားဘဲ နေနိုင်ခဲ့တယ်။ ဒါခင်ဗျားတို့ ၂ ယောက် အနာဂတ်မှာ ပြန်တွေ့နိုင်မယ်ဆိုပြီး မျှော်လင့်လို့ ရတဲ့ အချက်ပဲ။ ကျုပ်မှာ လတ်တလော အစီအစဉ် မရှိသေးပေမယ့် ကျုပ်တို့ သေချာစဉ်းစားရင် အဖြေတစ်ခုတော့ ရလာမှာပါ။ ယင်အသီးက ယုအာရဲ့ ဝိညာဉ်တော်ကို ပျောက်မသွားစေခဲ့ဘူးဆိုရင် သူ့ကို လူ့လောကထဲ ပြန်ခေါ်ပေးနိုင်မယ့် နည်းလမ်းလည်း ရှိနေနိုင်တာပဲလေ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now