Chapter - 219"မဖြစ်နိုင်သော"

301 21 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 219

“မဖြစ်နိုင်သော”

ပိုင်ရှင်းယွဲ့ ခေါင်းညိတ်လိုက်ရင်း ­ -

“ဒါဆို မင်းစိတ်ထဲမှာ သူ့ကို တကယ်ပဲ ယုံကြည်နေတယ်ပေါ့ . . .”

“ဟုတ်ကဲ့ . . .”

ဝမ်ရမ်ချူးချူး ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။

“ဖန်ဇီလင်က စကားကို တုတ်ထိုးအိုးပေါက် ပြောတတ်ပေမယ့် လူဆိုးတစ်ယောက်တော့ မဟုတ်ဘူးပေါ့။ အနည်းဆုံးတော့ ငါတို့ကို မဆန့်ကျင်လောက်ဘူး ဟုတ်တယ်မှတ်လား  . . .”

ပိုင်ရှင်းယွဲ့သည် သေချာသွားစေရန်အတွက် ထပ်မံ၍ မေးလိုက်သည်။

“ဟုတ်ပါတယ် ဆရာ . . .”

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူအား တရိုတသေဖြင့်ပင် ပြန်ဖြေလိုက်သည်။

“မင်းသူ့အပေါ် ခံစားချက် နည်းနည်း ရှိနေတယ် မဟုတ်လား . . .”

ပိုင်ရှင်းယွဲ့သည် ဝမ်ရမ်ချုးချုးအား စိုက်ကြည့်၍ မေးလိုက်သည်။

“ဟုတ် . . .”

ဝမ်ရမ်ချူးချူးလည်း ငြင်းဆိုခြင်း အလျင်းမရှိဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ သို့သော် တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် ခေါင်းအား ခါယမ်းလိုက်ရင်း -

“ဟင့်အင်း . . . ဘာခံစားချက်မှ မရှိပါဘူး ဆရာ . . ."

“အရူးမလေး . . . မင်းက တကယ့်ကို အရူးမလေးပဲ . . .”

ပိုင်ရှင်းယွဲ့သည် ပြုံးလျက် ရေရွတ်လိုက်သည်။

“ငါတို့ရဲ့ဂိုဏ်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်လေ။ ယောကျာ်းတွေနဲ့ ဆက်ဆံရတာ ကြောက်စရာ ကောင်းတယ်လို့ ငါတို့ ခံယူထားခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ယောက်ျားတွေရဲ့အနားယောင်လို့တောင် မကပ်ခဲ့ကြဘူး။ မင်းအနေနဲ့ ယောကျာ်းတစ်ယောက်ကို သဘောကျတယ် ဆိုတာ အပြစ်မဟုတ်ပါဘူး။ ငါတို့နှစ်ယောက်က ဆရာနဲ့ တပည့် ဆိုပေမယ့် မိန်းမတွေပဲ မဟုတ်လား။ မိန်းမသားတစ်ယောက် အနေနဲ့ မိသားစုဘဝကို လိုချင်တောင့်တမိတယ် ဆိုတာ ငါနားလည်ပါတယ်။ အထူးသဖြင့် မင်းလို တော်ဝင်မျိုးနွယ်က မိန်းကလေးမျိုးဆို ပိုပြီးတောင် အဲ့ဒီလို ခံစားချက်မျိုး ရှိနေဦးမယ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now