Chapter - 358"ပူးပေါင်းမှု"

230 18 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 358

“ပူးပေါင်းမှု”

“ဂိုဏ်းကြီးတွေ အတွက်ကတော့ သူတို့ဂိုဏ်း တိုးတက်လာဖို့အတွက် ဆေးလုံးတွေ သုံးလိုက်ကြရုံပဲ။ ငါတို့မှာက ဒီလို လိုအပ်တဲ့ ဆေးလုံးတွေကအစ အရင်းအမြစ်တွေ သိပ်မရှိတော့ ဘာမှ လုပ်မရဘူး . . .”

လောင်မျိုးနွယ်မှ လူသည် ပြောနေရင်းဖြင့် စိတ်ပျက်အားလျော့လာသည့် ပုံပေါ်လာသည်။

“မျိုးဆက်တစ်ခုပြီးတစ်ခု ဒီလို ကန့်သတ်ချက်တွေနဲ့ နေလာခဲ့ကြရတယ်။ ဘာမှ မလုပ်နိုင်ခဲ့ကြဘူး။ ငါတို့ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပဲ ကြီးမားကြီးမား လုပ်သင့်သလောက် လုပ်ခွင့် မရခဲ့ကြဘူး။ ဒီလို ကန့်သတ်ချက် အတွင်းကနေ ဘယ်သူမှ ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ပင်ကိုအစွမ်းအစ အရည်အချင်းတွေ ရှိကြပေမယ့် ဝမ်းနည်းစရာ ကောင်းစွာနဲ့ပဲ ထုတ်ပြခွင့် မရခဲ့ကြဘူးလေ . . .”

“အခု နောက်ဆုံးတော့ ငါတို့တွေ ထူးခြားအစွမ်းထက် ဆေးလုံးအချို့ ပိုင်ဆိုင်ခွင့် ရခဲ့ကြပြီ။ အရိုးသန့်စင်ဆေးလုံးက ငါတို့ရဲ့ မျိုးဆက်သစ် ကလေးတွေရဲ့ တစ်ကိုယ်လုံးကို သန့်စင်ပေးနိုင်ပြီး နောင်တစ်ချိန် အစွမ်းထက်ဆုံး ပညာရှင်တစ်ယောက် ဖြစ်လာစေလိမ့်မယ်။ ပင်လယ်ဖယ်ဆေးလုံးနဲ့ ချိုးဖျက်ဆေးတို့ကတော့ ငါတို့မျိုးနွယ်စုဝင်တွေရဲ့ ကျင့်ကြံမှု အဆင့်တွေ တိုးတက်လာစေလိမ့်မယ် . . .”

“ငါတို့မျိုးနွယ်စုကြီး ၈ စု အင်အားကြီးမား လာဖို့အတွက် ဒီအချိန်က အခွင့်ကောင်းပဲ။ ဒီဆေးလုံးတွေကို ရဖို့ ငါတို့ အများကြီး ကြိုးစားခဲ့ကြရတယ်။ အခု ဂိုဏ်းကြီး ၂ ခုက ငါတို့ဆီက လုယူချင်နေကြပြီ . . .”

“ငါတို့ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ချင်နေကြတယ်။ သူတို့က သူတို့ ခြေဖဝါး အောက်မှာပဲ ငါတို့ကို အမြဲတမ်း နေစေချင်နေကြတယ်လေ။ အမြဲတမ်း သူတို့ကို မော်မကြည့်ရဲအောင် ဖြစ်စေချင်ကြတယ် . . .”

“ဒီလို အခြေအနေကို ငါတို့ ဘယ်လို လက်ခံနိုင်ကြမှာလဲ . . .”

လောင်မျိုးနွယ်မှ လူသည် အံတင်းတင်းကြိတ်လျက် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now