Chapter - 348"လုပ်ငန်းစတင်ခြင်း"

233 22 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 348

“လုပ်ငန်းစတင်ခြင်း”

“ခင်ဗျားတို့ဆီက သတင်းအချက်အလက်တွေအရ အနန္တသူတော်စင်နဲ့ ရင်ဆိုင်နိုင်ရခြေတော့ ရှိတယ်။ ဂိုဏ်းကြီး ၂ ခုနဲ့ တခြားထိပ်တန်း ပညာရှင်တွေနဲ့ ရင်ဆိုင်ရရင်တော့ ခင်ဗျားတို့လည်း သူတို့ အကြောင်း သိပြီးသားပဲ။ လုပ်စရာ ရှိတာသာ လုပ်ပါ . . .”

“တစ်ခု ထပ်ပြောချင်တာက၊ ကျုပ်တို့ လုပ်တဲ့ အလုပ်က ကြီးကြီးမားမား ဖြစ်ရမယ်။ ကြီးလေ ကောင်းလေပဲ . . .”

ရဲရှောင် လေးလေးနက်နက် မှာကြားလိုက်သည်။

နင်ဘီလျူတို့သည် ရဲရှောင်ပြောသည့် အတိုင်းသာ လုပ်ကြမည် ဖြစ်သည်။

ရဲရှောင်မှ အချိန် မကြန့်ကြာစေလိုသည်ကို သိသဖြင့် နင်ဘီလျူတို့ ၂ ဦးသည် အမြန်ဆုံး အကောင်ထည် ဖော်ကြမည်သာ ဖြစ်သည်။ သူတို့ ၂ ဦးသည် တာဝန်ကျေသော လူများပင် မဟုတ်ပါလော။

“သေချာပေါက် စိတ်ချထားလိုက်ပါ။ ငါတို့က အကြံကောင်းတွေ မကြံတတ်ပေမယ့် အရှုပ်အထွေးတွေ ဖြစ်လာအောင် လုပ်တဲ့ နေရာမှာတော့ ကျွမ်းကျင်ပြီးသားပါ . . .”

လုပ်ကြံသတ်ဖြတ်သူများတွင် သတ်ဖြတ်နည်းပေါင်းများစွာ ရှိသည်။ ၎င်းတို့၏ လုပ်ကြံသတ်ဖြတ်ခြင်း အလုပ် လုပ်ရာတွင် အရှုပ်အထွေးများ ဖြစ်ပေါ်ရန်ဦးစွာ လုပ်ပြီးမှသာ ပစ်မှတ်အား သတ်ဖြတ်လေ့ ရှိကြသည်။

ထို့ကြောင့် လုပ်ကြံသတ်ဖြတ်ရေးသမား အားလုံးသည် အရှုပ်အထွေးများ ဖြစ်ပေါ်အောင် လုပ်သည့် နေရာတွင် အထူးကျွမ်းကျင် ကြလေသည်။ နင်ဘီလျူနှင့် လျူချန်းဂျန်တို့ နှစ်ဦးသည် အကျွမ်းကျင်ဆုံး လူများဟုပင် ဆိုရပေမည်။

ရဲရှောင်လည်း လုပ်စရာ ရှိသည်များအား အသေးစိတ် ပြောဆိုလိုက်သည်။

နင်ဘီလျူတို့ မည်မျှအထိ ဆူဆူပူပူ ဖြစ်အောင် လုပ်နိုင်မည် ဆိုသည်ကိုလည်း ရဲရှောင် သိချင်နေမိသည်။ ချန်ရှင်းမြို့တော်သည် ယခင်ထက်ပင် ပိုမို၍ ဆူပူမှုများ ဖြစ်သွားမည်မှာ အသေအချာပင်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now