Chapter - 341"ဝမ်အာရောက်လာခြင်း"

252 20 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 341

“ဝမ်အာရောက်လာခြင်း”

“ကျုပ် ဒီကိုရောက်ကတည်းက ခင်ဗျား ရှိနေတာပဲ . . .”

“ခင်ဗျားက ဘာလို့ ကျုပ်နောက်က လိုက်နေတာလဲ။ ဟိုအနန္တရေကန်က လူတွေကို စောင့်ကြည့်ရမှာ မဟုတ်ဘူးလား . . .”

ရဲရှောင် နင်ဘီလျူအား ကြည့်ရင်း ပြောလိုက်သည်။

နင်ဘီလျူ ယခုနေရာသို့ ရောက်ရှိနေခြင်းမှာ အနန္တရေကန်မှ လူများအား လာရောက် စောင့်ကြည့်ခြင်းပင် ဖြစ်နိုင်ပေသည်။

နင်ဘီလျူနှင့် အနန္တရေကန် ဆိုသည်မှာ ရန်ဘက်များပင် ဖြစ်ကြသည်။

နင်ဘီလျူသည် အနန္တရေကန်မှ လူများကြောင့် အဆိပ်မိကာ အသက်လု၍ ထွက်ပြေးခဲ့ရဖူးသည်။ သို့သော် အသက်ရှင်နိုင်ခဲ့သည်။ အနန္တရေကန်သည် နင်ဘီလျူ၏ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အား ဖြိုခွဲပစ်ခဲ့ရုံသာမက နင်ဘီလျူကိုလည်း အသေရရ အရှင်ရရ လိုက်လံဖမ်းဆီးလျက် ရှိသည်။ ထိုအဖြစ်အပျက်သည် နင်ဘီလျူအတွက် အရှက်ရစရာ ကိစ္စတစ်ခုပင် ဖြစ်လေသည်။

အကယ်၍ ရဲရှောင်နှင့်သာ နင်ဘီလျူ မတွေ့ဆုံခဲ့ပါက အသက်ပျောက်နေသည်မှာ ကြာလောက်ချေပြီ။

နင်ဘီလျူသည်လည်း အနန္တရေကန်အပေါ် အငြိုးအတေး ကြီးစွာ ထားလျက် ရှိသည်။

ထို့ကြောင့် ယခုနေရာတွင် နင်ဘီလျူ ရှိနေခြင်းအား ရဲရှောင် မအံ့သြမိပေ။

သို့သော် နင်ဘီလျူသည် မိမိအား စောင့်ကြည့်နေခဲ့သည့်အတွက် ရဲရှောင်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။ မည်သည့်လူမဆို မိမိအား စောင့်ကြည့်နေသည့် လူရှိသည်ကို သိပါက စိတ်အနှောင့်အယှက် ဖြစ်မိမည်မှာ မလွဲဧကန်ပင်။

အထူးသဖြင့် မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်သူ၏ စောင့်ကြည့်ခြင်းကို ခံရခြင်းမှာ ပို၍ ဆိုးပေလိမ့်မည်။

နင်ဘီလျူသည် မိမိအား ဆုကြေးလိုချင်၍ သတ်မည် မဟုတ်မှန်း ရဲရှောင် သိနေလေသည်။

“မင်းအန္တရာယ် ရှိနေတာကို သိလို့ပဲ . . .”

“မင်းအပေါ် ငါအကြွေးတင်နေသေးတယ်လေ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now