Chapter - 367"စံပြပုဂ္ဂိုလ်"

214 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 367

“စံပြပုဂ္ဂိုလ်”

အလွန်ဟိတ်ဟန်ကောင်းလှသော နင်ဘီလျူအား ကြည့်ရင်း အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်အံ့သြသွားကြသည်။

ဒဏ်ရာများစွာ ရထားသော လျူချန်းဂျန်မှ နင်ဘီလျူအား ကြည့်ရင်း တုန်ယင်သော အသံဖြင့် -

“သခင်ကြီး . . .”

နင်ဘီလျူလည်း သူ့အား ကျေးဇူးတင်သည့် အကြည့်များဖြင့် ကြည့်နေသည့် လျူချန်းဂျန်အား အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။

ထို့နောက် နှစ်ဦးသား လမ်းကြားတစ်ခုအတွင်း သို့ ဝင်ရောက် ပျောက်ကွယ် သွားကြပါတော့သည်။

ကျန်လူများ အားလုံးသည် လျူချန်းဂျန်မှ “သခင်ကြီး" ဟု ခေါ်လိုက်သည့် အသံအား ကြားလိုက်ကြရသဖြင့် တုန်လှုပ်အံ့သြသွားကြသည်။

“သခင်” ဟူသော စကားလုံးတွင် အဓိပ္ပါယ်များစွာ ရှိနေလေသည်။

ယေဘုယျအားဖြင့် အုပ်ချုပ်ရေးပိုင်းတွင် လက်အောက်ငယ်သားမှ အကြီးပိုင်းများအား သခင်ကြီးဟုသာ ခေါ်ဝေါ်လေ့ ရှိကြသည်။

(ဟင် . . . ငါတို့ လိုက်သတ်ဖို့ ကြိုးစားတဲ့လူက ချန်နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးပိုင်းကဆိုတာ “သခင်ကြီး" လို့ ခေါ်လိုက်တဲ့ စကားနဲ့ သက်သေပြပေးလိုက်တာပဲ . . .)

(ဒါဆို ခုနက နတ်ဘုရားလို လူက ချန်နိုင်ငံတော် တော်ဝင်အိမ်တော်က ဖြစ်ရမယ်။ ငါတို့ လုံးဝ မထင်ထားမိတဲ့ ကိစ္စပါလား။ ဒီလို ထိပ်တန်းပညာရှင်မျိုး တော်ဝင်အိမ်တော်မှာ ရှိနေမယ်လို့ မထင်ထားခဲ့မိဘူး . . .)

လူတိုင်းသည် တုန်လှုပ်မှုနှင့်အတူ စိုးရိမ်သွားမိကြသည်။

(ငါ . . . ငါတို့သာ တော်ဝင်အိမ်တော်နဲ့ ရင်ဆိုင်ရတဲ့အချိန် ဒီလိုလူနဲ့ တိုက်ခိုက်ရမယ်ဆို ဘယ်လို လုပ်ရပါ့မလဲ . . .)

ထိုအချက်အား စဉ်းစားလိုက်မိသည့်အတွက် လူအားလုံးသည် ချွေးစေးများ ပြန်သွားကြသည်။ ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအချိန်တွင် အသက်ရှင်ခွင့် ရနေခြင်းသည် ကံကောင်းသည်ဟုပင် ဆိုရပေမည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now