Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"

226 18 0
                                    

Chapter (418)

“ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်”

ဝမ်အာ နှင့် ချူးအာတို့ နှစ်ဦးသည် အလွန်ဒေါသထွက် နေကြလေသည်။ ဒေါသထွက်လွန်းသဖြင့် အသားများ ပင် တဆတ်ဆတ် တုန်ယင်နေကြသည်။

"ဒေါ်လေး မဟုတ်ဘူးဆိုရင် ဆရာ့ကို ရိုက်သွားတဲ့လူက ကမ္ဘာတုန်လောက်အောင် ကြောက်စရာ ကောင်းတဲ့ ပညာရှင်မျိုး ဖြစ်မှာပဲ။ ဒီနယ်ပယ်က မဟုတ်တဲ့လူလည်း ဖြစ်ရမယ်။ အဆင့်မြင့် နယ်ပယ် တစ်ခုခုက ဖြစ်မှာပေါ့။ ဆရာ့ရဲ့ စီနီယာ အစ်ကိုတွေ ဘာတွေလည်း ဖြစ်နိုင်တယ်။ ဒီလို ဖြစ်တော့ရော ဘာဖြစ်လဲ။ ကန့်သတ်ချက်ကို ချိုးဖောက်ရမယ် ဆိုရင်တောင်မှ တိုက်ရမှာပဲ။ ငါတို့ ကလဲ့စားချေကို ချေရမယ်။ နောက်ဆုံး ငါ့အသက် ပေးရမယ် ဆိုရင်တောင် တိုက်ကို တိုက်ရမယ် . . ."

“အလျင်မလိုကြစမ်းပါနဲ့ . . .”

“မင်းတို့ကို ငါပြောပြီးပြီလေ။ မတော်တဆ ဖြစ်တာပါဆိုမှ၊ တကယ်ကို မတော်တဆလေး ဖြစ်တာပါ။ နောက်ပြီး ငါ့ကို လုပ်သွားတဲ့လူကိုလည်း ငါပြန်တိုက်ခိုက်လိုက်တယ်လေ။ သူဆို ငါ့ထက်ကို ပိုဆိုးဦးမှာပါ . . .”

သခင်ကြီးဘိုင် ဝမ်အာတို့အား ကြည့်ရင်း ပြောလိုက်သည်။ တစ်ဖက်လူမှ သခင်ကြီးဘိုင်ထက်ပင် ပို၍ ဆိုးရွားစွာ ဒဏ်ရာရသွားလိမ့်မည်ဟု ပြောလိုက်သဖြင့် ဝမ်အာတို့ ၂ ဦးသည်လည်း အနည်းငယ် ကျေနပ်သွားကြသည်။

“ဆရာ . . .”

ချူးအာ ဆေးအချို့ ထုတ်ယူလိုက်ပြီး သခင်ကြီးဘိုင်၏ မျက်နှာအား ပွတ်ပေးလိုက်သည်။ ဆရာဖြစ်သူ၏ မျက်နှာမှ ဒဏ်ရာများအား ကြည့်ရင်း သူမ၏ အသည်းနှလုံး တစ်ခုလုံး ကွဲကြေမတတ် ခံစားနေရသည်။ မျက်ရည်များလည်း ပါးပြင်ထက်မှနေ၍ အဆက်မပြတ်ပင် စီးကျနေလေသည်။

ဝမ်အာသည်လည်း ငိုနေလျက် ရှိသည်။

နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက် တုန်လှုပ်အံ့ဩဖွယ်ရာ ကိစ္စများစွာ လုပ်ခဲ့ကြသည့် မိန်းကလေး ၂ ဦးသည် ယခုအချိန်တွင် ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးများကဲ့သို့ အလွန် ဝမ်းနည်းစွာ ရှိုက်ငိုနေကြသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၂) မိုးကောင်းကင်အောက်မှကလဲ့စားOn viuen les histories. Descobreix ara