Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
230 23 0
Chapter (483)
“ဝမ်းနည်းနေသော လင်းဝုရှဲ့”
ဝမ်အာနှင့် ချူးအာတို့ အံ့ဩသွားမိကြသည်။ သူမတို့ဘေးနားတွင် ရှိသောလူနှင့် မသိကြောင်း ပြောချင်နေမိသော်လည်း ထိုသို့ပြောရန် အချိန်မရှိတော့ပေ။ ဖန်ဧကရာဇ်အား အရိုအသေ ပေးလိုက်ကြရင်း -
“ဝမ်အာနှင့် ချူးအာတို့ ဖန်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ ရှင်ကတော့ အမြဲဟိတ်ဟန် အပြည့်နဲ့ပဲနော် . . .”
ရဲရှောင် အံ့ဩသွားရင်း ကျယ်လောင်သော အသံဖြင့် -
“မိန်းကလေးတို့ . . . အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ လာကြပါ၊ ဒီက ဆရာလင်းလည်း ကြွပါ”
ရဲရှောင်သည် ဝမ်အာတို့အား ကြည့်ရင်း ခေါင်းထဲတွင် ချက်ချင်း အဖြေထုတ်လိုက်မိသည်။
ထိုလူများသည် ပြဿနာရှာရန် ရောက်လာကြခြင်း မဟုတ်ကြပေ။ သူ၏ အကူအညီ လာတောင်းခြင်းသာ ဖြစ်နိုင်ပေသည်။
ဝမ်အာနှင့် ချူးအာတို့၏ အပြုအမူအရ ရဲရှောင် သဘောပေါက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်လည်း ယဉ်ကျေးသော အမူအယာဖြင့်သာ ပြန်ပြောခဲ့ခြင်း ဖြစ်၏။
မျိုးနွယ်စုကြီး ၅ စုမှ လူများသည် အလွန်အမင်း အံ့ဩနေကြသည့်အတွက် ဘာပြောရမှန်းပင် မသိကြတော့ပေ။ အချို့ဆိုလျှင် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်လိုက်ကြရင်း ထူးဆန်းသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်။
သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းအား သူတို့မယုံနိုင် ဖြစ်နေကြလေသည်။
ကြားလိုက်ရသည်ကိုလည်း မယုံနိုင် ဖြစ်နေကြသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအား ကြိုက်သလို စိုးမိုးခြယ်လှယ်နိုင်စွမ်း ရှိသော ဝမ်အာနှင့် ချူးအာတို့သည် ဖန်ဧကရာဇ်အား ယဉ်ကျေးစွာ နှုတ်ခွန်းဆက်နေသည် မဟုတ်ပါလား။
ထို့အပြင် သူမတို့၏ လေသံတွင် လေးစားမှုများလည်း ပါဝင်နေသည်ကို ကြားခဲ့ကြရသည်။ လူတိုင်း၏ အထင်နှင့်အမြင်အား လုံးဝ လွဲမှားခဲ့သည် မဟုတ်ပါလော။
ရဲရှောင်မှ -
“ဝမ်ဇန်းဟို . . . ခင်ဗျား အန်လို့ပြီးရင် မျိုးနွယ်စုကြီး ၅ စုက ကျုပ်ရဲ့ မိတ်ဆွေတွေကို ခင်ဗျားအခန်းထဲ ခေါ်သွားလိုက်ပါဦး။ ကျုပ်ကတော့ ဒီကဧည့်သည် ၃ ယောက်နဲ့ အရေးကြီးကိစ္စ စကားပြောစရာ ရှိသေးလို့ . . .”